ပေါက်ခေါင်းမှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ပေါက်ခေါင်းမှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်ထဲက အုပ်ချုပ်ရေးမှူးတဦးနဲ့ ရာအိမ်မှူးတဦးကို ဇူလိုင် ၁ ရက် မနေ့ကနေ့လယ်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမအစပ်၊ ကြို့ပင်ဝိုင်းရွာ အုပ်ချုပ်ရေးမှူး အသက် ၆၀ နှစ်အရွယ် ဦးသန်းဝင်းနဲ့ လွှစင်ရွာက အသက် ၄၅ နှစ်အရွယ်ရှိ ရာအိမ်မှူး ကိုပေါက်စ (ခ) ကိုဝင်းဇော်တို့ ဖြစ်ပြီး မနေ့ကနေ့လယ်ပိုင်းမှာတင် ပစ်ခတ်ခံရတာလို့ သိရပါတယ်။ 

"၂ ယောက်စလုံး ပွဲချင်းပြီးသေသွားတာ။ ကိုသန်းဝင်းက ကြို့ပင်ဝိုင်းရွာနားမှာ သေတာ။ ပေါက်စက တောတိုက်ထဲမှာ သေလို့ သူတို့မိသားစုက လှည်းနဲ့သွားသယ်ရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

အလောင်းတွေကိုတော့ ပေါက်ခေါင်းဆေးရုံကို သယ်သွားပြီး ဇူလိုင်လ ၂ ရက် ဒီမနက်ပိုင်းမှာ ပေါက်ခေါင်းမြို့ကသုဿန်မှာပဲ ၂ လောင်းစလုံးကို သင်္ဂြိုလ်လိုက်တယ်လို့ သိရပါတယ်။ 

သူတို့  ၂ ဦးကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ပစ်ခတ်သွားလဲ ဆိုတာကိုတော့ ထုတ်ပြန်ကြေညာတာမျိုး မရှိသေးပါဘူး။ 

ပြီးခဲ့တဲ့ဧပြီလ ၁၉ ရက် နေ့လယ်ကလည်း ပေါက်ခေါင်းမြို့နယ်၊ သဖန်းကိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကိုအေးနိုင် သဖန်းကိုင်းရွာနဲ့ ကြို့ပင်ဝိုင်းရွာကြားမှာ ရှင်းလင်းခံခဲ့ရပါသေးတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #ပေါက်ခေါင်း #အုပ်ချုပ်ရေးမှူး #ရာအိမ်မှူး #ပစ်ခတ်ခံရ #သေဆုံး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10