ပေါက်နယ်က ပျူစောထီးစခန်း စီးနင်းခံရပြီး ပျူ ၅ ဦးသေ၊ သေနတ် ၉ လက်ရ

ပေါက်နယ်က ပျူစောထီးစခန်း စီးနင်းခံရပြီး ပျူ ၅ ဦးသေ၊ သေနတ် ၉ လက်ရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ပျူစောထီးတွေနေထိုင်တဲ့ သစ်ချိုကုန်းရွာကို ဇွန် ၁ ရက်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၅ ဦးသေဆုံးပြီး သေနတ် ၉ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါက်တောင်ပိုင်းပကဖ အဖွဲ့ဆီက သိရပါတယ်။

သစ်ချိုကုန်းရွာကို ည ၈ နာရီခန့်မှာ စတင်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦးသေဆုံးပြီး သေနတ် ၈ လက်ရရှိကာ ပျူစောထီးခေါင်းဆောင်ရဲ့နေအိမ်ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

"ပျူ ၄ ကောင်သေတယ်။ လက်နက် ၈ လက်ရခဲ့တယ်။ အိမ် ၁၅ လုံးလောက် မီးရှို့ဖျက်ဆီးခဲ့တယ်။ ရွာအတွင်း စီးနင်းနိုင်ခဲ့တာပါ။" လို့ ပေါက်တောင်ပိုင်း ပကဖ၊ ကျီးကန်းတပ်ဖွဲ့ ဗိုလ်ကျီးကန်း က ပြောပါတယ်။

သစ်ချိုကုန်းရွာတိုက်ပွဲကနေ ရှော့ဂမ်း သေနတ် ၃ လက်နဲ့ တတောင့်ထိုးသေနတ် ၅ လက် ရရှိခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းအခြေအနေကြောင့် တပ်ဖွဲ့ဝင်တချို့  ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

ဇွန် ၂ ရက် မွန်လွဲ  ၂ နာရီခန့်ကလည်း သစ်ချိုးကုန်းရွာ စခန်းကုန်းဘက်က ထွက်လာတဲ့ ပျူစောထီး ၃ ယောက်ကို တိုက်ခိုက်ခဲ့ရာ ၁ ယောက် ထပ်မံသေဆုံးပြီး သေနတ် ၁ လက်နဲ့ ကျည်ဆံ ၁၀၀ တောင့်၊ ကျည်ဘောက် ၃ ခု၊ လက်ပစ် ဗုံး ၁ လုံးရရှိခဲ့တယ်လို့ ဗိုလ်ကျီကန်းက ပြောပါတယ်။

သစ်ချိုကုန်းကျေးရွာနေ ပျူစောထီးတွေဟာ စစ်တပ်စစ်ကြောင်းနဲ့ လိုက်ပါပြီး သီးခြောက်၊ သရဖီ၊ လယ်လမ်း၊ မြေခြား၊ တပွတ်စု စတဲ့ကျေးရွာတွေမှာ ပစ္စည်းတွေ ခိုးယူတာ၊ အိမ်မီးရှို့တာ၊ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေလည်းလုပ်ခဲ့ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီရွာမှာ အိမ်ခြေ ၂၀၀ ကျော်၊ မိသားစုဦးရေ ၇၀၀ ကျော်ရှိပြီး ရွာကထွက်ပြေးတဲ့ မိသားစုဝင်တွေရဲ့အိမ်၊ ခြံ၊ လယ်ယာမြေတွေကို ပျူစောထီးတွေက ပြန်လည်ရောင်းချတဲ့အတွက် ပိုင်ဆိုင်မှုကို ဆုံးရှုံးမှာ စိုးရိမ်ပြီး ထွက်မပြေးဘဲ နေထိုင်ကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ပျူစောထီးတွေကို တိုက်ခိုက်ရာမှာ ပေါက်ပကဖ၊ မြိုင် ပကဖ၊ ဗိုလ်လရောင်ပြောက်ကျားတပ်ဖွဲ့၊ ပေါက်တောင်ပိုင်း ကျီးကန်းတပ်ဖွဲ့ ပကဖ၊ ပေါက်မြောက်ပိုင်းတော် လှန်ရေးတပ်ဦး(NPRF)၊ အဆိုတော်အဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်း ၁၂၊ ပခုက္ကူခရိုင်တပ်ရင်း ၁၆ တပ်ခွဲ ၂၊ SENTHANG REVOLUTION FORCE S.R.F၊ PPDF၊ ကင်ဒိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ဇုံ ၁ ၊ ၉ ပကဖ အဖွဲ့ ပေါက်၊ PBRF ဗိုလ်တစ္ဆေ ၊ စကားပြောက်ကြား တပ်ဖွဲ့/ ဦးကြီးတပ်ဖွဲ့၊ ဒုန်းတပ်ဖွဲ့များပေါက်ပကဖ Drone တပ်ဖွဲ့၊ မြိုင်ပကဖ တပ်ရင်း၁ ၊ KMDF ကမ္မတပ်ပေါင်းစု ၊ BRAF DRONE TEAM၊ မိုးပျံ Drone တပ်ဖွဲ့ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ-သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းတွေနဲ့ နေအိမ်မီးရှို့ဖျက်စီနေစဥ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ပေါက် #ပျူစောထီး # စီးနင်းတိုက်ခိုက်ခံရ #သေဆုံး #လက်နက်ခဲယမ်းရရှိ #မဟာမိတ်ပူးပေါင်းတပ်ဖွဲ့  #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10