ပေါက်နယ်က Non CDM တွေကို တလအတွင်း CDM လုပ်ဖို့ ပေါက်ပကဖ သတိပေး

ပေါက်နယ်က Non CDM တွေကို တလအတွင်း CDM လုပ်ဖို့ ပေါက်ပကဖ သတိပေး

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက Non CDM တွေကို CDM ဝင်ကြဖို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာ ၁၀ ရက်မှာ သတိပေး ထုတ်ပြန်ခဲ့ပါတယ်။ 

ပေါက်မြို့နယ်ထဲမှာ CDM ဝန်ထမ်း ၁ ထောင်ကျော်ရှိပြီး CDM လုပ်ဖို့ကျန်တဲ့ ဝန်ထမ်း ၆၀၀ ဝန်းကျင်ဟာ ထုတ်ပြန်တဲ့ရက်ကနေ ၁ လအတွင်း နီးစပ်ရာ ကာကွယ်ရေးခေါင်းဆောင်တွေဆီမှာ ခံဝန်ကတိပြုကြဖို့နဲ့ ခုလိုမလုပ်ဆောင်ရင် အဆိုပါဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေနဲ့ လုံခြုံရေးကို တာဝန်မယူဘူးလို့ ဆိုပါတယ်။ 

“တိုးချဲ့စိုးမိုးနယ်မြေတွေမှာ Non CDM တွေက နှစ်ဘက်ခွနေတာတွေ ရှိသလို သတင်းတွေ ပေါက်တာတွေလည်း ရှိလို့ တိုးချဲ့စိုးမိုးနယ်မြေတွေမှာ Non CDM ကို လုံခြုံရေးအရ နေထိုင်ခွင့် မပြုနိုင်ဘူး” လို့  ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

လာရောက်ခိုလှုံတဲ့ ၀န်ထမ်းတွေအတွက် လုံခြုံရေးပိုင်းနဲ့ စားဝတ်နေရေးအဆင်ပြေအောင် တော်လှန်ရေးအင်အားစုတွေရဲ့ ပညာရေး၊ ကျန်းမာရေး စတဲ့လုပ်ငန်းစဉ်တွေမှာ ဝင်ရောက်လုပ်ကိုင်ဖို့ စီစဥ်ပေးမှာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ပေါက်မြို့နယ်အတွင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အခြေစိုက်ထားတဲ့အတွက် Non CDM တွေ ဆီကနေ သတင်းပေါက်တာတွေရှိလို့ ခုလိုသတိပေးတာလို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပေါက် #NonCDM #ခိုလှုံ #သတိပေး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10