ပေါက်နယ်မှာ PDF တွေက မြေပဲနှုတ်ပြီး တပ်ဖွဲ့အတွက် အပိုဝင်ငွေရှာဖွေ

ပေါက်နယ်မှာ PDF တွေက မြေပဲနှုတ်ပြီး တပ်ဖွဲ့အတွက် အပိုဝင်ငွေရှာဖွေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မြေပဲနှုတ်လိုက်ရင်း တပ်ဖွဲ့အတွက် အပိုဝင်ငွေရှာဖွေနေကြတယ် လို့ တောင်ညိုနဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ပေါက်မြို့နယ်မြောက်ပိုင်း၊ ကျေးရွာတချို့က တောင်သူတွေရဲ့မြေပဲခင်းတွေမှာ သြဂုတ်လ ၂၇ ရက်ကစလို့ PDF ရဲဘော်၊ ရဲမေတွေစုပေါင်းပြီး တပ်ဖွဲ့အတွက် အပိုဝင်ငွေရရှိအောင် မြေပဲနှုတ်တာ မြေပဲခြွေတာတွေ လုပ်ကိုင်နေကြတာလို့ ဆိုပါတယ်။ 

"မြေပဲနှုတ်တာ ၃ ရက်ရှိပြီ။ နေ့ခင်းဘက်တွေမှာ မြေပဲနှုတ်ကြတာပါ။ ရဲဘော်ရဲမေတွေ မခွဲခြားဘဲ စုပေါင်းလုပ်ကြပါတယ်။ မြေပဲတတင်းပြည့်ရင် ၂၅၀၀ ကျပ်ရတယ် " လို့ တပ်ဖွဲ့ဝင် ရဲမေတဦးက မြေလတ်အသံကို ပြောပါတယ်။


တောင်ညိုနဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ အပိုဝင်ငွေရှာတယ်ဆိုပေမယ့် အဲ့ဒီဒေသက တောင်သူတွေမှာ ငွေကြေးမတတ်နိုင်ကြတော့ သင့်တော်တဲ့စျေးနှုန်းနဲ့သာ လုပ်ပေးဖြစ်တယ်လို့ သူမက ဆက်ပြောပါတယ်။

ပေါက်နယ်က တောင်သူတွေအနေနဲ့ မေလလယ်ပိုင်းမှာစိုက်ပျိုးထားတဲ့ မြေပဲတွေကို သြဂုတ်လနှောင်းပိုင်းကာလမှာ နှုတ်သိမ်းနေကြတာလို့ သိရပါတယ်။ 

သြဂုတ်လနှောင်းပိုင်းအတွင်း ပေါက်မြို့နယ်မြောက်ပိုင်းသာမကဘဲ တောင်ပိုင်းက ကျေးရွာတွေမှာပါ စစ်ကြောင်းဝင်လာရင် ရှောင်တိမ်းရင်း မြေပဲနှုတ်နေကြတာ ဖြစ်တယ်လို့ဆိုပါတယ်။ 

တောင်ညိုနဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ရဲဘော်ရဲမေတွေအနေနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသလို လက်နက်ခဲယမ်းပစ္စည်းတွေ ထုတ်လုပ်နေကြပြီး ကျေးရွာနေ ပြည်သူတွေကိုလည်း လက်လမ်းမီသမျှ အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ အဖွဲ့တခုဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မကွေးတိုင်း #ပခုက္ကူခရိုင် #ပေါက်မြို့နယ် #တောင်ညိုနဂါး #မြေပဲ #စိုက်ပျိုးရေး #တောင်သူလယ်သမား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10