ပေါက်နယ်မှာ ထိုင်ဝမ်ခရမ်းချဥ်သီးပေါ်ချိန် တောင်သူတွေ စျေးကောင်းရ

ပေါက်နယ်မှာ ထိုင်ဝမ်ခရမ်းချဥ်သီးပေါ်ချိန် တောင်သူတွေ စျေးကောင်းရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နယ်မှာ ထိုင်ဝမ်ခရမ်းချဥ်သီးပေါ်ကာစအချိန်မှာ တောင်သူတွေစျေးကောင်း ရနေကြတယ်လို့ ဒေသခံတောင်သူတဦးထံက သိရပါတယ်။

ပေါက်နယ်အရှေ့တောင်ပိုင်းက ကျေးရွာ ၁၀ ရွာကျော်မှာ အခုနှစ်ဧပြီလ နှောင်းပိုင်းကစလို့ ထိုင်ဝမ်ခရမ်းချဥ်မျိုး စိုက်ပျိုးရာ သြဂုတ်လလယ် ခရမ်းချဉ်သီးပေါ်ချိန်မှာ တပိသာ ၂၂၀၀ ကျပ်နဲ့ စျေးကောင်းရနေတာလို့ ဆိုပါတယ်။

ဒေသမျိုးရင်းဖြစ်တဲ့ ကိုင်းခရမ်းချဉ်သီးကို စိုက်ပျိုးစအချိန်မှာ ထိုင်ဝမ်မျိုးခရမ်းချဉ်သီးက အခုလို ဈေးကောင်းရနေတာ ဖြစ်ပါတယ်။ 

ပေါက်မြို့နယ်တွင် ထိုင်ဝမ်ခရမ်းချဉ်သီးကို လွန်ခဲ့တဲ့ ၃ နှစ်က စတင်စိုက်ပျိုးခဲ့တာဖြစ်ကြောင်း၊ ဧပြီလနှောင်းပိုင်းမှာ စိုက်ပျိုးရပြီး ဩဂုတ်လလယ်မှာ သီးနှံပေါ်တယ်လို့ သိရပါတယ်။ 

"မနှစ်က သီးနှံပေါ်ချိန်မှာ တပိသာ ၁၅၀၀ ကျပ်ဈေးရတယ်။ အခုနှစ်မှာ တပိသာ ၂၂၀၀ ကျပ်အထိ ဈေးကောင်းရပါတယ်။ လက်လီ ပြန်ရောင်းသူတွေက တပိသာ ကျပ် ၃၀၀၀ အထိပြန်ရောင်းကြတယ် "လို့ ရောင်းချသူတဦးကပြောပါတယ်။ 

သြဂုတ်နှောင်းပိုင်းကစလို့ ပေါက်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ဒေသမျိုးဖြစ်တဲ့ ကိုင်းခရမ်းချဥ်တွေ စိုက်ပျိုးနေကြပြီး အဲ့ဒီကိုင်းခရမ်းချဉ်သီးပေါ်ချိန်မှာတော့ စျေးကောင်းမရတော့ဘူးလို့ သိရပါတယ်။

ပုံစာ - ထိုင်ဝမ်ခရမ်းချဥ်စိုက်ခင်းနှင့် ရောင်းချနေပုံ။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူခရိုင် #ပေါက်မြို့နယ် #ထိုင်ဝမ်ခရမ်းချဥ်သီး #ဈေးကောင်းရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10