ပေါက်မြို့ကို ရိက္ခာပို့ဖို့ထွက်လာတဲ့ စစ်ကောင်စီကား ဒရုန်းနဲ့ ပစ်ခတ်ခံရ

ပေါက်မြို့ကို ရိက္ခာပို့ဖို့ထွက်လာတဲ့ စစ်ကောင်စီကား ဒရုန်းနဲ့ ပစ်ခတ်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ရဲစခန်းကနေ ပေါက်မြို့ကို ရိက္ခာပို့ထွက်လာတဲ့ စစ်ကောင်စီကားတစီး  ဇူလိုင် ၁၅ ရက် ဒီနေ့ မနက် ၉ နာရီလောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ပေါက်မြို့နယ်ဘက်ကို ရိက္ခာပို့ဖို့လာတဲ့ စစ်ကောင်စီကားတစီးဟာ ပခုက္ကူမြို့နယ်ထဲက သံဘိုကျေးရွာနား အရောက်မှာ အသင့်စောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းကို အသုံးပြုပြီး အီနာဂါ ဗုံးသီး ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

“သူတို့(စစ်ကောင်စီ)က ပေါက်ကို ဆန်ရိက္ခာတွေပို့ဖို့ရှိတယ်လို့ ကြားတယ်။ သူတို့လာမယ့်လမ်းတွေမှာလည်း ကင်းပုန်းဝပ်ပြီး စောင့်နေတဲ့သူတွေပါရှိတယ်။ ကျနော်တို့ဘက်က ဒရုန်းနဲ့ပစ်ခတ်ခဲ့တော့ သူတို့ဘက်က ထိခိုက်တာတွေရှိတယ်လို့ အတည်ပြုနိုင်တယ်။ လူဦးရေအတိအကျတော့ စုံစမ်းနေတုန်းပါ” လို့ ပခုက္ကူပကဖမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒရုန်းနဲ့ပစ်ခတ်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အဲ့ဒီအနီးနားတဝိုက်ကို လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ပခုက္ကူမြို့နယ်ကနေ ပေါက်မြို့နယ်ထဲကို ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ဇူလိုင် ၂ ရက်ကလည်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ ပခုက္ကူ-မြိုင်လမ်းပေါ်မှာရှိတဲ့ အင်ပင်စစ်ဆေးရေးဂိတ်ကို အီနာဂါဗုံးသီး ၄ လုံးနဲ့သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူမြို့နယ် #ကမ္မမြို့ရဲစခန်း #ပေါက်မြို့ #ဒရုန်း # အီနာဂါ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10