ပေါက်မြို့နယ်က စစ်ရှောင်ကလေးတွေကို တောင်ညိုနဂါး PDF က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးထောက်ပံ့မှုပေး

ပေါက်မြို့နယ်က စစ်ရှောင်ကလေးတွေကို တောင်ညိုနဂါး PDF က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးထောက်ပံ့မှုပေး

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ပေါက်နယ်နဲ့ မင်းလှနယ်က စစ်ရှောင်ကလေးငယ်တွေကို ဇန်နဝါရီ ၁၅ ရက်က ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သလို ဆေးဝါးနဲ့အသုံးအဆောင်ပစ္စည်းတွေလည်း ကူညီပေးခဲ့တယ်လို့ တောင်ညိုနဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ရှောင်တွေက ပေါက်နယ်နဲ့ မင်းလှနယ်က စစ်ရှောင် ကျောင်းသား/သူ ၃၆ ဦးရှိပြီး ကလေးများအတွက် ကျန်းမာရေး အသိပေးဟောပြောတာ၊ စနစ်တကျခံတွင်းသန့်ရှင်းရေး ပညာပေးတာနဲ့ လိုအပ်နေတဲ့ဆေးဝါးများကို ကူညီပံ့ပိုးခဲ့တာလို့ ဆိုပါတယ်။

"ကလေးတွေမှာ စားဖို့၊ ဝတ်ဖို့၊ ဆေးဝါးတွေ မပြည့်စုံကြဘူးလေ။ သူတို့လေးတွေ ကျန်းမာဖို့အတွက်လိုအပ်လို့ အခမဲ့ဆေးကုပေးတာပါ" လို့ ကျန်းမာရေးတာဝန်ခံ CDM သူနာပြုဆရာမနိုက်တင်ဂေးက ပြောပါတယ်။

စစ်ရှောင်ကျောင်းသားတွေကိုလည်း သွားတိုက်ဆေး၊ သွားတိုက်တံ၊ သံချဆေး၊ ခေါင်းကိုက်ဖျားနာ ပျောက်ဆေး၊ အားတိုးဆေးတွေကို ပြည်သူမှ ပြည်သူသို့ ခံယူချက်နဲ့အညီ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

တောင်ညိုနဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ၁ လကို ၁ ကြိမ် ကျန်းမာရေးစောင့်ရှောက်မှုပေးသလို စစ်ရှောင်မိသားစုတွေနဲ့ စာသင်ကျောင်းကိုလည်း လုံခြုံရေးပေးနေပြီး စာသင်ကြားရေးအပိုင်းမှာလည်း ကူညီလုပ်ကိုင်ပေးနေတယ်လို့ ဆိုပါတယ်။

စစ်ရှောင်မိသားစုဝင် ၁၃၀ ကျော်မှာ ၂၀၂၂ နိုဝင်ဘာအတွင်း ကျေးရွာတွေမှာ စစ်တပ်က အထိုင်စခန်းချထားပြီး ပျူစောထီးသင်တန်းတက်ခိုင်းရာ ဆန္ဒမရှိတဲ့အတွက် စစ်ရှောင်လာကြသူတွေဖြစ်သလို ပညာရေးဝန်ကြီးဌာနနဲ့ မြန်မာ့မီးရထားဌာနက CDM ဝန်ထမ်းတွေ ပါဝင်တယ်လို့ ဆရာမနိုက်တင်ဂေးက ပြောပါတယ်။

ဒါ့အပြင် ၂၀၂၂ ဇူလိုင် ၁ ရက် စစ်ရှောင်တွေ မရောက်ခင်ကတည်းက ပေါက်နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ ကျော်ကို ကွင်းဆင်းစောင့်ရှောက်မှုပေးနေခဲ့တာလို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပေါက် #မင်းလှ #စစ်ရှောင်ကျောင်းသား #ကျန်းမာရေးကူညီစောင့်ရှောက် #ဆေးဝါးပံ့ပိုး #ဆေးတပ်ဖွဲ့  #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10