ပေါက်မြို့နယ်မှာ NUG ပြည်သူ့အခြေပြုပညာရေးကျောင်းဖွင့်ပွဲနဲ့ အာဇာနည်နေ့အခမ်းအနားပြုလုပ်

ပေါက်မြို့နယ်မှာ NUG ပြည်သူ့အခြေပြုပညာရေးကျောင်းဖွင့်ပွဲနဲ့ အာဇာနည်နေ့အခမ်းအနားပြုလုပ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လက်အောက်ခံ ပြည်သူ့အခြေပြု ပညာရေးစာသင်ကျောင်းဖွင့်ပွဲနဲ့ အာဇာနည်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ကျေးရွာပညာရေးကော်မတီအဖွဲ့ထံက သိရပါတယ်။

ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ အာဇာနည်နေ့မှာ သံဃာတွေကို ပင့်ဖိတ်ဆွမ်းကပ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အခြေခံပညာအလယ်တန်းကျောင်းကို ဖွင့်လှစ်ခဲ့သလို အလံတဝက်ချကာ အာဇာနည်ခေါင်းဆောင်တွေကိုလည်း အလေးပြုတာ၊ အာဇာနည်နေ့အကြောင်း ဟောပြောတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

"ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ၉ ဦးသာမကဘဲ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့သူတွေကလည်း ကိုယ်ကျိုးမကြည့်ဘဲ အများအကျိုးဆောင်ရွက်သူတွေဖြစ်လို့ အာဇာနည်သူရဲကောင်းအားလုံးကို အလေးပြုချင်တဲ့အတွက် ပြုလုပ်ခဲ့တာပါ" လို့ ကျေးရွာပညာရေးကော်မတီအဖွဲ့ဝင် အညာသားဇိုးလေးက မြေလတ်အသံကို ပြောပါတယ်။

NUG လက်အောက်ခံ ပြည်သူ့အခြေပြု အခြေခံပညာရေးအလယ်တန်းကျောင်းမှာ သူငယ်တန်းကနေ စတုတ္ထတန်းအထိ ပညာသင်ကြားပေးမှာဖြစ်ပြီး အာဇာနည်နေ့မှာ အလှူရှင်ပြည်သူအများရဲ့ ထောက်ပံမှုနဲ့ ကျောင်းသားကျောင်းသူ ၆၀ ကျော်ကို စာရေးကရိယာပစ္စည်းတွေ အခမဲ့ဝေငှပေးခဲ့တယ်လို့ CDM ကျောင်းဆရာတဦးက ပြောပါတယ်။

ကျဆုံးသွားတဲ့ အာဇာနည်ရဲဘော်တွေအတွက် ရည်စူးပြီး အလှူရှင်တဦးက ထမင်း၊ ဟင်း အာဟာရဒါန ကျွေးမွေးခဲ့တယ်လို့ ဆိုပါတယ်။

အာဇာနည်နေ့ ခေါင်းဆောင်ကြီးတွေကို ဦးညွှတ်ဂုဏ်ပြုပွဲနဲ့ ကျောင်းဖွင့်ပွဲကို ကျောင်းကော်မတီအဖွဲ့က ဦးဆောင်ပြီး ဆရာ/မများ၊ ကျောင်းသား/သူများ၊ ပအဖ /ပကဖ အဖွဲ့ဝင်များ၊ ကျေးရွာသူရွာများ တက် ရောက်ခဲ့ကြကာ မနက် ၉ နာရီမှာ အခမ်းအနားပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူခရိုင်၊ #ပေါက်မြို့နယ်မှာရှိတဲ့ #အမျိုးသားညီညွတ်ရေးအစိုးရ #NUG #အာဇာနည်နေ့ #အခမ်းအနားကျင်းပ #ကျောင်းဖွင့်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10