ပေါက်မြို့နယ်၊ ရေပြာရဲစခန်းက ရဲတပ်ကြပ်တဦး ရှင်းလင်းခံရ

ပေါက်မြို့နယ်၊ ရေပြာရဲစခန်းက ရဲတပ်ကြပ်တဦး ရှင်းလင်းခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းက ရဲတပ်ကြပ်တဦးကို ဇွန်လ ၁၇ ရက်မနေ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပေါက်ဒေသကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
 
အသက် ၃၀ နှစ်အရွယ် ရဲတပ်ကြပ် ရန်နိုင်အောင် (ခေါ်) မဲလုံးကို ရဲစခန်းဂိတ်အနီးမှာ စကားပြောနေချိန် သေနတ်နဲ့ ၂ ချက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။
 
"မနေ့ညနေပိုင်းက ရှင်းခဲ့တာဗျ။ ခန္ဒာကိုယ်အရှေ့ပိုင်းကို နှစ်ချက်ပစ်လိုက်တယ်။ အဲဒီနေရာမှာပဲ လဲကျသွားတယ်။ ဘေးနားကလူတွေတော့ မထိခိုက်ပါဘူး" လို့ ပေါက်ဒေသကာကွယ်ရေး ရဲဘော်တဦးက ပြောပါတယ်။
 
ရဲတပ်ကြပ် ရန်နိုင်အောင်ဟာ ခရီးသွားပြည်သူတွေဆီကနေ ငွေတောင်းယူတာ၊ စစ်ကောင်စီ စစ်ကြောင်းနဲ့ အတူ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးရာမှာလည်း လိုက်ပါတာတွေ ရှိတာကြောင့် ရှင်းလင်းခဲ့တာဖြစ်သလို အလောင်းကိုတော့ ညပိုင်းရောက်မှ ရဲစခန်းထဲကို သယ်သွားကြတယ်လို့ သူက ဆက်ပြောပါတယ်။
 
ပေါက်မြို့နယ်ကကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူတွေက မကြာခဏ စစ် ကြောင်းထိုးတာတွေ ရှိနေပြီး၊ မေ ၂၈ ရက်မှာတော့ ချောင်းနားရွာဟောင်း၊ ပြစ်ထဲရွာ၊ တဲတော်ယာရွာတောင်စုရွာတွေကို ၅ ရက်ကြာ မီးရှို့ဖျက်ဆီးကာ ရွာသားတွေကို သတ်ဖြတ်ခဲ့တာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
ပုံစာ - ပေါက်မြို့နယ်၊ ရေပြာရဲစခန်း။
စာတည်း - လင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10