ပေါက်မှာ လေယာဉ်နဲ့ဗုံးကြဲခံရလို့ အမျိုးသမီး ၁ ဦးဒဏ်ရာရပြီး တိရစ္ဆာန်တွေသေဆုံး

ပေါက်မှာ လေယာဉ်နဲ့ဗုံးကြဲခံရလို့ အမျိုးသမီး ၁ ဦးဒဏ်ရာရပြီး တိရစ္ဆာန်တွေသေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ သရက်လေးပင်ကျေးရွာကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ ကျေးရွာနေအမျိုးသမီး ၁ ဦးဒဏ်ရာရပြီး တိရစ္ဆာန်တွေသေဆုံးကာ နေအိမ်တွေလည်းပျက်စီးမှုရှိတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

နိုဝင်ဘာ ၉ ရက် မနေ့ မနက် ၉ နာရီဝန်းကျင်မှာ အချိန်မိနစ်ပိုင်းသာခြားပြီး ပေါင် ၅၀၀ နဲ့ ပေါင် ၃၀၀  ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

" ရွာရဲ့တောင်ဘက်နဲ့အနောက်ဘက်ကို ကျတယ်။ အိမ်တွေပျက်စီးတာ နွားသေဆုံးတာရှိတယ်။ လက်ကျိုးတဲ့သူကတော့ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး။" လို့ ဒေသခံတဦးက ပြောပါတယ်။

လေယာဉ်ဗုံးပေါက်ကွဲမှုကြောင့် သရက်လေးပင်ကျေးရွာနေ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး ညာဘက်လက်ကျိုး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး နွား ၆ ကောင်သေဆုံးခဲ့ကာ နေအိမ် ၅ လုံး ပျက်စီးခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုအပြီးမှာ ပေါက်မြို့အခြေစိုက် ကပစ ၂၄ တပ်ကနေ ၈၁ မမ လက်နက်ကြီး ၃ လုံး၊ ဒရုန်းဗုံး ၃ လုံး ထပ်မံကြဲချပစ်ခတ်ခဲ့ပေမယ့် ထိခိုက်ပျက်စီးတာ မရှိခဲ့ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်ကလည်း ဒီးဒုတ်ကွင်းပျူရွာအနီး စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲဖြစ်ပွားချိန် လေကြောင်းကနေ တိုက်ခိုက်မှုပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသ

#မကွေး #ပေါက် #လေကြောင်းတိုက်ခိုက် #အရပ်သား #ထိခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10