ပေါက်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ ဒေသခံ ၃ ဦးသေဆုံး

ပေါက်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ ဒေသခံ ၃ ဦးသေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်ကန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်ဒီမနက်အစောပိုင်း ၁၂ နာရီခွဲလောက်မှာ မိတ္ထီလာရှမ်းတဲလေတပ်ဘက်က တက်လာတဲ့ MiG 29 ဂျက်ဖိုက်တာ ၁ စီးပေါ်ကနေ သရက်ကန်ရွာမြောက်ပိုင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“အကြောင်းမရှိပဲ ပြည်သူတွေကိုတိုက်ခိုက်သွားတာ။ ရွာထဲမှာ PDF စခန်းလည်းမရှိ၊ ဘာမှလုပ်ကိုင်နေတာလဲမရှိဘဲနဲ့ လေကြောင်းတိုက်ခိုက်သွားတာ၊ ကိုဇော်လင်းစိုးတို့နေအိမ်ဆိုပျောက်သွားတာ၊ သူဘေးနားက အိမ်ကဆိုရင်တခြမ်းပဲ့သွားတယ်၊ အဲ့မှာအိပ်တဲ့လူ ၂ ယောက်ကဘာမှမဖြစ်သွားဘူး” လို့ ပေါက်မြို့နယ်ခံတဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သရက်ကန်းရွာနေ ကိုဇော်လင်းစိုးနဲ့ ဇနီးဖြစ်သူ၊ ရွာထဲမှာအလုပ်လာလုပ်တဲ့ ပခုက္ကူမြို့နယ်၊ သံဘိုရွာက ကိုဝက်ကြီးတို့ ၃ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် သရက်ကန်ရွာက ကိုဖိုးကြာ၊ သံဘိုကျေးရွာက ကိုဝင်းအောင်နဲ့ ကိုလူပျိုကြီးတို့လည်း ထိခိုက်ဒဏ်ရာတွေရခဲ့ကာ စိုးရိမ်ရတဲ့အခြေအနေရှိတဲ့အတွက် ဆေးဝါးကုသပေးနေရတယ် လို့ ပေါက်မြို့နယ်ခံတဦးက ပြောပါတယ်။ 

အလားတူ နေအိမ် ၈ လုံးထိမှန်ပျက်စီးခဲ့ကာ သေဆုံးသူတွေကိုတော့ ဒီနေ့လယ်ပိုင်းမှာသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

သရက်ကန်ကျေးရွာဟာ လေကြောင်းတိုက်ခိုက်ခံရတာပထမအကြိမ်ဖြစ်ပြီး လက်ရှိမှာဒေသခံတွေ လည်း ရွာကတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပေါက်မြို့နယ် #လေကြောင်းတိုက်ခိုက် #ဒေသခံသေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10