ပေါင်းတည်က စစ်ကောင်စီသတင်းပေးဆိုသူကို PPDF က ရှင်းလင်း

ပေါင်းတည်က စစ်ကောင်စီသတင်းပေးဆိုသူကို PPDF က ရှင်းလင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က စစ်ကောင်စီသတင်းပေးလို့ ကျော်စောသူတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့  ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က သတင်းထုတ်ပြန်ထားပါတယ်။

ပေါင်းတည်မြို့နယ်၊ ညောင်နီပင်အုပ်စု၊ ညောင်နီပင်ရွာက အသက် ၅၀ နှစ်လောက်ရှိတဲ့ ကိုစိုးသိန်းကို ဖေဖေါ်ဝါရီ ၁၈ ရက် မနေ့ ညနေ ၄ နာရီကျော်မှာ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ  ၁ က ညောင်နီပင်ရွာအနောက်ဘက်မှာ သေနတ်နဲ့  ၃ ချက်ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

“သူ့အိမ်သွား ဝိုင်းတာမှာ မတွေ့လို့ ညောင်နီပင်ရွာနားက နွားစားကျက်မှာ နွားကျောင်းနေတာကို တွေ့ပြီး ရှင်းပစ်ခဲ့တာ“ လို့ PPDF က သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကိုစိုးသိန်းရဲ့ ဦးခေါင်း၊ ရင်ဘတ်နဲ့ လက်တွေကို ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တာလို့ သူက ဆက်ပြောပါတယ်။

ကိုစိုးသိန်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို သတင်းထောက်လှမ်းတာ စစ်ကောင်စီတပ်ကို လမ်းကြောင်းပြတာတွေ ပြုလုပ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဖေဖေါ်ဝါရီ ၁၉ ရက် ဒီမနက်မှာတော့ အလောင်းကို ရွာသူရွာသားတွေက သယ်ကာ အိမ်ပြန်ပို့ခဲ့ရတယ်လို့  ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက် ညကလည်း ညောင်နီပင်ရွာက စစ်ကောင်စီသတင်းပေးလို့ ကျော်စောသူ ကိုသိန်းနိုင်နဲ့ မဝင်းလေးတို့ လင်မယားကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ၃၆၀၁၊ တပ်ခွဲ ၁ က သေနတ်နဲ့ ပစ်ခဲ့လို့ ကိုသိန်းနိုင်သေဆုံးကာ မဝင်းလေး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ပေါင်းတည် #စစ်ကောင်စီ #သတင်းပေး #ပစ်ခတ်ရှင်းလင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10