ပေါင်းတည်က ဖမ်းဆီးခံအမျိုးသမီးရဲ့ နေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

ပေါင်းတည်က ဖမ်းဆီးခံအမျိုးသမီးရဲ့ နေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်တည်မြို့ပေါ်က ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတဦးရဲ့နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ 

ပေါင်းတည်မြို့၊ ဈေး ၂ ရပ်ကွက်၊ တာပွန်လမ်းက အသက် ၅၀ နှစ်အရွယ် ဒေါ်လှလှဝင်း နေထိုင်တဲ့ နေအိမ်ကို ဒီဇင်ဘာ ၂၈ ရက် မနေ့ကမနက် ၁၀ နာရီလောက်က ချိပ်ပိတ်ခဲ့တာလို့ ဆိုပါတယ်။ 

“သူ့ဖုန်းကို စစ်တဲ့အခါမှာ PDF ထောက်ပို့ (လုပ်တယ်ဆိုတာ) ပေါ်ပေါက်လို့ (ဆိုပြီး) သူနေတဲ့အိမ်ကို နိုင်ငံတော်ပိုင် သိမ်းဆည်းလိုက်တယ်ဆိုတာပဲ ကြားရတယ်” လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။ 

မြို့ခံအမျိုးသမီးတဦးကလည်း ဒေါ်လှလှဝင်းဟာ Wave နဲ့ K Pay တွေနဲ့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ ဖြစ်ပြီး သူ့ကို နိုဝင်ဘာ ၂၆ ရက်ညနေမှာ စစ်ကောင်စီတပ်သားတွေက နေအိမ်ကနေ ဖမ်းဆီးခဲ့တာပါ။  

ဖမ်းဆီးချိန်က ဒေါ်လှလှဝင်းနဲ့အတူ သမီးနဲ့ယောက်ျားကိုပါ ဖမ်းဆီးသွားခဲ့ပြီး စစ်ဆေးမှုတွေလုပ်ပြီး နောက်တရက်မှာတော့ သမီးနဲ့ယောက်ျားဖြစ်သူကို ပြန်လွှတ်ပေးခဲ့ကာ ဒေါ်လှလှဝင်းကိုတော့ ဆက်လက်ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်ကလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ ဝက်ပုတ်မှာနေတဲ့ ပြည်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဌဟောင်း အသက် ၂၅ နှစ်အရွယ် ကိုကျော်ရဲသူကို PDF ထောက်ပို့ လုပ်တယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ နတ္တလင်းခရိုင်တရားရုံးက ပုဒ်မ ၅၂(က)နဲ့ ထောင် ၅ နှစ်၊ ၅၀(ည)နဲ့  ထောင် ၁၀ နှစ် စုစုပေါင်း ၁၅ နှစ်ချမှတ်ခဲ့ပါသေးတယ်။

စာတည်း - လင်း  

#မြေလတ်အသံ

#ပဲခူးတိုင်း #ပေါင်းတည်မြို့နယ် #စစ်ကောင်စီ #ဖမ်းဆီး #အမျိုးသမီး #နေအိမ်ချိပ်ပိတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10