ပေါင်းတည်နယ်၊ တောင်ခမောက်ရွာကို စစ်တပ်က ဒုတိယအကြိမ်မီးရှို့

ပေါင်းတည်နယ်၊ တောင်ခမောက်ရွာကို စစ်တပ်က ဒုတိယအကြိမ်မီးရှို့

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ တောင်ခမောက်ရွာကနေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ဇန်နဝါရီ ၄ ရက် မနေ့ညနေပိုင်းမှာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မနေ့ညနေ ၃ နာရီဝန်းကျင်မှာ စစ်သားအင်အား ၂၅ ဦးလောက်က ဝင်ရောက်မီးရှို့ခဲ့တာဖြစ်ပြီး နေအိမ် ၁၉ လုံးနဲ့ စပါးကျီ ၂ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

 

စစ်*တွေလာပြီး မီးရှို့သွားတာပါ။ အိမ်ကြီးအိမ်ကောင်းတွေကို ရွေးရှို့သွားတာပါ” လို့ ဒေသခံတဦးက ပြောပါတယ်။

 

စစ်ကောင်စီတပ်သားတွေဟာ တောင်ခမောက်ရွာကို မကြာခဏဝင်ရောက်ဖျက်စီးမှုတွေလုပ်လေ့ရှိပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ တတိယပတ်အတွင်းမှာလည်း တောင်ခမောက်ကျေးရွာအတွင်း ယာယီတပ်စွဲကာ ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ပြီး အဖမ်းခံရတဲ့ ရွာခံအမျိုးသားတဦးလည်း ဇန်နဝါရီ ၅ ရက် ဒီနေ့ထိ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။

 

ဒါ့အပြင် ၂၀၂၃ ဇူလိုင် ၁၅ ရက်မှာလည်း တောင်ခမောက်ရွာက နေအိမ် ၁ လုံးကို စစ်အုပ်စုက ပထမအကြိမ်အဖြစ် မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပိုင် ပစ္စည်းတွေကိုယူကာ တိရိစ္ဆာန်တွေကိုလည်း သတ်စားသွားကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

 

အဲဒီစစ်ကြောင်းဟာ ပေါင်းတည်နယ်ထဲကို ရောက်ရှိနေတဲ့ ၂ နှစ်ကျော်ကာလအတွင်း တောင်ခမောင်၊ မအူကွင်း၊ လက်ပံခုံ စတဲ့ရွာအပါအဝင် အနီးတဝိုက်က ဒေသခံတွေရဲ့ ယာစောင့်တဲနဲ့ အိမ်ခြေ အနည်းဆုံး ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

 

စာတည်း - လင်း

 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #သစ်ပုတ် #တောင်ခမောက် #စစ်ကောင်စီ #မိးရှို့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10