ပေါင်းတည်မြို့နယ်က ပျူစောထီးဆိုသူ အမျိုးသား ၁ ဦးပစ်ခတ်ခံရလို့ သေဆုံး

ပေါင်းတည်မြို့နယ်က ပျူစောထီးဆိုသူ အမျိုးသား ၁ ဦးပစ်ခတ်ခံရလို့ သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က ပျူစောထီးလို့ သတင်းကြီးသူ ၁ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က သတင်းထုတ်ပြန် ထားပါတယ်။

ပေါင်းတည်မြို့နယ်၊ ကျောက်တံခါးအုပ်စု၊ အောင်သပြေရွာမှာနေတဲ့ အသက် ၃၃ နှစ်အရွယ် ကိုဖိုးဝ ကို အောက်တိုဘာလ ၇ ရက်ညက နေအိမ်မှာရှိနေချိန် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃၆၀၁ - PPDF  တပ်ခွဲ ၅ နွေဦးအဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ပစ်တာက ၄ ချက်ပစ်တာကို ၃ ချက်မှန်တယ် ဦးခေါင်းကို ၁ ချက် ရင်ဘတ်ကို ၂ ချက်ထိတာ ပွဲချင်းပြီးပဲ ဖိုးဝကံဆိုးချင်တော့ ကျနော်တို့သွားတဲ့အချိန်မှာ သူ့အိမ်ရှေ့မှာတန်းတွေ့လိုက်တာပါ" လို့ PPDF သတင်းထောက်လှမ်းရေးနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။  

ကိုဖိုးဝ ပစ်ခတ်ခံရအပြီး နောက်နေ့မနက်အထိ စစ်ကောင်စီတပ်နဲ့ တာဝန်ရှိတဲ့ အပိုင်နယ်မြေ မှတ်တိုင်ရဲစခန်းက ရဲတွေလာရောက်တာမျိုးမရှိဘဲ အောက်တိုဘာလ ၈ ရက်မနေ့ကတော့ သူရဲ့ရွာမှာပဲ သင်္ဂြိုဟ်ခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

ကိုဖိုးဝကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီနဲ့မပတ်သက်ဖို့ အကြိမ်ကြိမ်သတိပေးတဲ့ကြားက ရွာထဲမှာ စစ်သားတွေကိုတပ်ဆွဲခိုင်းတာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရှိတဲ့နေရာကို သတင်းထောက်လှမ်းကာ စစ်သားတွေကိုလမ်းပြတာတွေ လုပ်ဆောင်နေလို့ ပစ်ခတ်ရှင်းလင်းရတာလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူ့စစ်လို့ဆိုတဲ့ ပျူစောထီးနဲ့ ဒလန်တွေကိုဆက်လက် အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။ 

ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃၆၀၁ - PPDF တပ်ခွဲ ၅ နွေဦးအဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်ကလည်း ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အင်ငါးခွအုပ်စု အုပ်စုအုပ်ချူပ်ရေးမှူး ကိုဇော်လင်းအောင်ကိုလည်း သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း 

#မြေလတ်အသံ

#သတင်း #ပျူစောထီး #စစ်ကောင်စီ #သတင်းပေး #ပေါင်းတည်မြို့နယ် #မှတ်တိုင် #ပဲခူးရိုးမအစပ် #PPDF #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10