ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီက လုံခြုံရေးအပြည့်နဲ့ လူဦးရေစာရင်းကောက်နေ

ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီက လုံခြုံရေးအပြည့်နဲ့ လူဦးရေစာရင်းကောက်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီက အခု အောက်တိုဘာလဆန်းက စတင်ကာ လူဦးရေစာရင်းကောက်ယူနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပေါင်းတည်မြို့နယ်၊ ကြို့ပင်အုပ်စုကကျေးရွာတွေကို စစ်သားနဲ့ပြည်သူ့စစ်လုံခြုံရေး အင်အား ၅၀ လောက်နဲ့ အောက်တိုဘာ ၁ ရက်ကနေ စတင်ကောက်ယူခဲ့တာလို့ သိရပါတယ်။

"ရွာထဲမှာ လက်နက်တကားကားနဲ့ တအိမ်တက်ဆင်း လာပြီးမေးတာ။ပြီးတော့မှ မှတ်ပုံတင်နဲ့အိမ်ထောင်စုဇယားကိုယူပြီး စကစကသတ်မှတ်တဲ့ ဘုန်းကြီးကျောင်း စုရပ်ကိုသွားပြီးမှ သူတို့မေးသမျှ ဖြေရတာ။ အိမ်မှာ ဘယ်နှစ်ဦးနေလဲ၊ ဘာလုပ်လဲ၊ ဘယ်သွားလဲ အကုန်မေးတာ။ ဘာကြောင့်ကောက်ခံတယ်ဆိုတာကိုတော့ ပြောတာမရှိဘူး"လို့ ဒေသခံတဦး ပြောပါတယ်။ 

လူဦးရေစာရင်းကောက်ခံရာမှာ စစ်ကောင်စီစစ်သားနဲ့ သင်တန်းဆင်းပြည်သူ့စစ်တွေက ကျေးရွာကို ဝိုင်းထားတာလို့ ဒေသခံနောက်တဦးက ဆိုပါတယ်။ 

"လမ်းဆုံလမ်းခွနဲ့ သင်္ချိုင်းကုန်းတွေမှာပါ လုံခြုံရေးချထားတာ။ တအုပ်စုလုံးလည်း လန့်နေတာပေါ့ဗျာ။ ဒါမျိုးက တခါမှမြင်ဖူးတာမှ မဟုတ်တာ။ သူတို့ပြောတာတော့ စမ်းသပ်သန်းခေါင်စာရင်းလို့ ပြောတာပဲ။ နောက်ရက်တွေလည်း အခြားအုပ်စုတွေကို ဆက်ကောက်မယ်လို့တော့ကြားတယ်“ လို့ ပြောပါတယ်။ 

အလားတူအောက်တိုဘာ ၁ ရက်က ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်၊ ပြည်တော်သာ ၁ လမ်းကနေ ပြည်တော်သာ ၅ လမ်းအထိ လူဦးရေသန်းခေါင်စာရင်းကောက်ယူရာ စစ်ကောင်စီခန့် ပဲခူးတိုင်း ဝန်ကြီးချုပ် မျိုးဆွေဝင်းလာရောက်ကြည့်ရှုသွားတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာ တယ်လီဂရမ်က ဖော်ပြထားပါတယ်။ 

စစ်ကောင်စီဟာ ရွေးကောက်ခံအရပ်သားအစိုးရကို မဲမသမာမှုပြုတယ်ဆိုကာ ဖြုတ်ချပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ပြင်ဆင်နေတာဖြစ်တယ်လို့ အမည်မဖော်လို့တဲ့ မြို့ခံတဦးဆီက သိရပါတယ်။   

စာတည်း - နွေဦးငြိမ်းချမ်း 

#မြေလတ်အသံ

#သတင်း #သန်းခေါင်စာရင်း #စစ်ကောင်စီ #စစ်တမ်း #ပဲခူးတိုင်းအနောက်ခြမ်း #ပေါင်းတည်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10