ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီဖမ်းသွားတဲ့ အမျိုးသား ၂ ဦး ၄ လ ကြာသည်အထိ အဆက်အသွယ်မရ

ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီဖမ်းသွားတဲ့ အမျိုးသား ၂ ဦး ၄ လ ကြာသည်အထိ အဆက်အသွယ်မရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီက ဖမ်းဆီးသွားတဲ့အမျိုးသား ၂ ဦးဟာ ၄ လကြာသည်အထိ မိသားစုနဲ့ အဆက်အသွယ်မရပဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ပေါင်းတည်မြို့နယ်၊ မြောက်ကုန်းကြီးကျေးရွာက အသက် ၃၀ နှစ်အရွယ် ကိုအာနိုးနဲ့ ဆင်လူးအုပ်စု၊တောင်ကုန်းရွာက အသက် ၃၀ နှစ်အရွယ်ဝန်းကျင် ကိုဇော်ကြီး တို့ဖြစ်ပြီး သူတို့ကို အခုနှစ်ဧပြီလ ၂၅ ရက်ဝန်းကျင်က မှတ်တိုင်ရဲစခန်းကနေ လာဖမ်းသွားတာလို့ ဆိုပါတယ်။

"ကိုမြင့်ထွန်းနဲ့ တပြိုင်နက်လိုလို ဖမ်းခံရတာ၊ ပြန်လွတ်မယ်ထင်ခဲ့ကြတာ၊ စစ်ကြောရေးမှာလက်လွန်သေကုန်ပြီဖြစ်မယ်။ မိသားစုကတော့မရှိတော့ဘူး သေသွားပြီလို့ဘဲ ယူဆကုန်ကြပြီ။ ဖမ်းပြီးကတည်းက အဆက်အသွယ်မရတာလေ" လို့ ဖမ်းဆီးခံရသူတဦးရဲ့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

ကိုဇော်ကြီးကို စစ်ကောင်စီက PDF အိမ်ကိုလိုက်ပြခိုင်းရာမှာ လွှဲပြတယ်ဆိုကာ ဖမ်းဆီးတာဖြစ်ပြီး ကိုအာနိုးကိုတော့ ဇီးပင်လှကျေးရွာအုပ်ချုပ်ရေးမှူး ပေါင်းတည်ကအပြန် အခုနှစ်ဧပြီလထဲမှာ PDF ကပစ်သတ်သွားတာနဲ့ ပတ်သက်တယ်ဆိုကာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

သူတို့ ၂ ဦးဖမ်းဆီးမခံရချိန် သြဂုတ်လ ၂၄ ရက်ဝန်းကျင်ကလည်း ပေါင်းတည်မြို့နယ်၊ မန်ကျည်းကုန်းအုပ်စု၊ အင်းကြီးကျေးရွာက မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်ကိုမြင့်ထွန်း (အသက် ၄၈ နှစ်) ကို စစ်အုပ်စုက နေအိမ်မှာဖမ်းဆီးပြီး မှတ်တိုင်ရဲစခန်းမှာ စစ်ဆေးစဥ် မေလ ၂ ရက်ဝန်းကျင်မှာ သေဆုံးခဲ့လို့ မိသားစုကိုအကြောင်းကြားပေမယ့် အလောင်းပြန်မရတာကြောင့် သင်္ဂြိုလ်ခွင့် မရရှိခဲ့ပါဘူး။

အလားတူပေါင်းတည်မြို့နယ်မှာ ပြီးခဲ့တဲ့နှစ် မတ်လ ၁၈ ရက်နေ့လယ်က ဖမ်းဆီးခံရတဲ့ ကြို့ပင်အုပ်စု ဟင်္သာကန်ကျေးရွာက အသက် ၃၈ နှစ်အရွယ် NLD ပါတီဝင် ကိုမင်းမင်းဟာလည်း ဖမ်းဆီးခံရအပြီး နာရီပိုင်းအကြာမှာပဲ ပေါင်းတည်မြို့ပေါ် စစ်ကြောရေးလက်ထက်မှာ သေဆုံးခဲ့ရပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်းအနောက်ခြမ်း #ပေါင်းတည် #NLD #စစ်ကောင်စီ #မြို့ခံ #ဖမ်းဆီးစစ်ဆေး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10