ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး နှစ်ဖက်ထိခိုက်မှုရှိ

ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး နှစ်ဖက်ထိခိုက်မှုရှိ

 

ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့တယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ၃၆၀၁ PPDFတပ်ရင်း က တာဝန်ရှိသူဆီက သိရပါတယ်။

ပေါင်းတည်မြို့နယ် ရုပ်ဆိုင်ရွာကနေ အင်အား ၄၈ ဦးနဲ့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဧပြီ ၁၄ ရက်  မနက် ၈ နာရီလောက်က ထန်းကုန်းရွာအနီးကနေ မိုင်းဆွဲတိုက်ခိုက်လို့ ကစဉ့်ကလျားဖြစ်နေချိန် ပူးပေါင်းအဖွဲ့ တွေက လက်နက်ငယ်တွေနဲ့ ထပ်မံတိုက်ခိုက်ရာမှာ နှစ်ဖက် ထိခိုက်ခဲ့တာလို့ ဆိုပါတယ်။

 

“စစ်ကြောင်းက ပြန်ပစ်လို့ ကျနော်တို့ ဘက်က ရဲဘော် ၂ ဦးက လက်နဲ့ ပေါင်မှာ သေနတ်ကျည်ထိပြီး  မစိုးရိမ်ရ တဲ့ ဒဏ်ရာရရှိခဲ့ပါတယ်" လို့ ၃၆၀၁ PPDF တပ်ရင်းက သတင်း ပြန်ကြားရေးနဲ့ ဆက်သွယ်ရေးတာဝန်ခံက  ပြောပါတယ်။

 

ကစဉ့်ကလျား ဆုတ်သွားတဲ့ စစ်ကြောင်းကို ပူးပေါင်းအဖွဲ့တွေက လက်နက်ငယ်တွေနဲ့ ထပ်မံပစ်ခတ်ချိန် စစ်ကောင်စီ စစ်သား ၃ ဦး သေဆုံးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အဲဒီတိုက်ခိုက်မှုတွေမှာ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၃၆၀၁ နဲ့ ၃၆၀၂ တပ်ခွဲ ၁ နဲ့ တပ်ခွဲ ၄ တပ်ဖွဲ့ဝင်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

 

ပြီးခဲ့တဲ့  ဧပြီ ၁၂ ရက် ညကလည်း ပေါက်ခေါင်းမြို့နယ် တောင်ရွာနဲ့ ပါးပြင်ရွာကြားဇရပ်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကိုလည်း ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပေါက်ခေါင်း ပကဖ တို့က တိုက်ခိုက်ခဲ့ကြပါ သေးတယ်။

 

 

ပုံစာ - ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ(ပုံဟောင်း)။

 

စာတည်း-လင်းဇေ

 #မြေလတ်အသံ

 

 

#ပဲခူးတိုင်း #ပေါင်းတည်မြို့နယ် #စစ်ကောင်စီ #စစ်ကြောင်း #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #PPDF

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10