ပေါင်းတည်မှာ အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံ၊ ၃ ရက်အတွင်း သေဆုံးသူ ၂ ဦးရှိ

ပေါင်းတည်မှာ အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံ၊ ၃ ရက်အတွင်း သေဆုံးသူ ၂ ဦးရှိ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ ဇူလိုင် ၁၈ ရက်မနေ့က အမျိုးသား ၁ ဦးထပ်မံကြိုးဆွဲချသေဆုံးခဲ့လို့ ၃ ရက်အတွင်းသေဆုံးသူ ၂ ဦးရှိခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းရွာ(မြေပြန့်)က အသက် ၄၆ နှစ်အရွယ် ကိုဝင်းလိူင်ဖြစ်ပြီး မနေ့နေ့လယ် ၁၂ နာရီခွဲလောက်က နေအိမ်တဲအတွင်းမှာ ကြိုးဆွဲချသေဆုံးတာလို့ သိရပါတယ်။

“သူက အရက်ကိုအမြဲတစေသောက်တတ်တယ်။ သူ့သားကလည်းအဝေးမှာ အလုပ်သွားလုပ်နေတာ အခြား လူမူရေးကိစ္စတွေလည်းရှိတယ်လို့ပြောတယ်” လို့ ကျေးရွာ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အလောင်းကို ပေါင်းတည်မြို့ ပရဟိတအသင်းက ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ပေါင်းတည်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်ကလည်း ပျဉ်းပင်ကန်ရပ်ကွက်က အသက် ၂၂ နှစ်အရွယ် လူငယ်အမျိုးသား ၁ ဦးနဲ့ ဇွန်လ ၂၆ ရက်ညမှာလည်း မြန်မာ့စီးပွားရေးဘဏ်က အသက် ၂၃ နှစ်အရွယ် လုံခြုံရေးစောင့်အမျိူးသား ၁ ဦး ကြိုးဆွဲချသေဆုံးခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်းအနောက်ခြမ်း #ပေါင်းတည် #သေဆုံးမှု #ပရဟိတအဖွဲ့ #ကျန်းမာရေး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10