ပေါင်းတည်မှာ ကင်းလှည့်နေတဲ့စစ်ကောင်စီကို PDF က မိုင်းဆွဲတိုက်ခိုက်

ပေါင်းတည်မှာ ကင်းလှည့်နေတဲ့စစ်ကောင်စီကို PDF က မိုင်းဆွဲတိုက်ခိုက်

ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့နယ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီကို နိုဝင်ဘာ ၁၂ ရက် မနေ့က တိုက်ခိုက်ခဲ့လို့ ထိခိုက်မှုတွေရှိတယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က သတင်းထုတ်ပြန်ထားပါတယ်။

ပေါင်းတည်မြို့နယ်၊ ခေမံရွာနဲ့ စမ်းရင်ကုန်းရွာကြားမှာ မနေ့ မနက် ၁၀ နာရီခွဲလောက်က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် စစ်အုပ်စုဘက်က ဆိုင်ကယ် ၄ စီး အင်အား ၇ ဦးနဲ့ ကင်းလှည့်နေတာကို မိုင်းဆွဲကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်လို့ ဒုတပ်ကြပ်စစ်သားတဦး၊ အုပ်ချုပ်ရေးမှူးတဦးနဲ့ ပျူစောထီးတဦးဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

"မိုင်း ၄ လုံးကို ၂ လုံးပဲ ဆွဲလိုက်ရတယ်။ အတုံးအရုံးဖြစ်ကုန်တာ။ " လို့ PPDF သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်ခံရအပြီး စစ်အုပ်စုဟာ ဒဏ်ရာရသူတွေကို Light Truck ကားနဲ့ ပေါင်းတည်မြို့ဘက်ကို သယ်သွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃၆၀၁ တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၄ တို့က တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကလည်း ပေါင်းတည်မြို့နယ် ပဲခူးရိုးမအစပ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို သစ်ပုတ်အုပ်စု မရိုးကျွန်းရွာနဲ့ သရက်စမ်းကြားမှာ ပေါင်းတည်မြို့နယ် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၁ က ပဒေသာမိုင်း ၄ လုံးဆွဲကာ တိုက်ခိုက်ခဲ့ကြပါသေးတယ်။

ပုံစာ - ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ(ပုံဟောင်း)။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းအနောက် #ပေါင်းတည်မြို့ #ကင်းလှည့် #စစ်ကောင်စီ #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #PPDF #ပျူစောထီး #အုပ်ချုပ်ရေးမှူး #မိုင်းဆွဲတိုက်ခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10