ပေါင်းတည်မှာ ကျောင်းသားတဦး ရေနစ်သေဆုံး

ပေါင်းတည်မှာ ကျောင်းသားတဦး ရေနစ်သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က ဆည်မြောင်းအတွင်းမှာ ကျောင်းသားတဦး ရေနစ်သေဆုံးခဲ့တယ်လို့ သေဆုံးသူနဲ့နီးစပ်သူဆီက သိရပါတယ်။

သေဆုံးသူဟာ အသက် ၁၅ နှစ်အရွယ် မောင်အောင်သူရကျော်ဖြစ်ပြီး ပေါင်းတည်မြို့နယ်၊ နတ်ပုတီးရွာအနီး ဆည်မြောင်းလက်တံထဲမှာ ဖေဖေါ်ဝါရီ ၂၄ ရက် နေ့လယ်ပိုင်းက ရေနစ်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ညနေ ၆ နာရီလောက်ကတည်းက ရှာတာ ည ၈ နာရီကျော်မှဆည်မြောင်းထဲကနေ အလောင်း ပြန်တွေ့တာ။ တွေ့တဲ့နေရာက သူ့အိမ်နဲ့ သုံးမိုင်လောက်‌ဝေးတယ်။ ရေကူးသွားရင်းနစ်တာ ဖြစ်နိုင်တယ်” လို့  သေဆုံးသူနဲ့ နီးစပ်တဲ့ အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတဦးက ပြောပါတယ်။

မောင်အောင်သူရကျော်ဟာ လက်ရှိ ပေါင်းတည်မြို့၊ ၁၇ လမ်း၊ မင်းကွက် အထကမှာ Grade - 9 စာမေးပွဲဖြေနေတာဖြစ်ပြီး ဟင်္သာကန်ရပ်ကွက် အနောက်လမ်း ၃၁ လမ်းထိပ်မှာနေထိုင်သူဖြစ်တယ်လို့  သိရပါတယ်။ 

ဖေဖေါ်ဝါရီ ၂၅ ရက် ဒီနေ့လယ်မှာ‌တော့  အလောင်းကို ပေါင်းတည်ဆေးရုံကနေ နေအိမ်ကို ပရဟိတအသင်းကားနဲ့ပြန်ပို့ပြီး မနက်ဖြန်မှာ သင်္ဂြိုဟ်မယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #ကျောင်းသား #ရေနစ် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10