ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး တဦးသေဆုံး

ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး တဦးသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး ၁ ဦးသေကာ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃၆၀၁၊ PPDF တပ်ဖွဲ့  တာဝန်ရှိသူဆီက သိရပါတယ်။

ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ တာဝါတိုင်ရွာအထိုင်စခန်းကနေ ဖေဖေါ်ဝါရီ ၂၃ ရက် မနက် ၁၁ နာရီလောက်မှာ အင်အား ၂၀ ကျော်နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို လက်ပံခုံရွာ အနောက်ဘက် ထန်းပင်ကွင်းနေရာအရောက်မှာ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PPDF ရဲ့ စနိုက်ပါအဖွဲ့က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“တဲထဲဝင်နားချိန်မှာ ဆော်တာ။ **နှစ်ကောင်ကိုမှန်ပြီး တကောင်က ပွဲချင်းပြီးသေတာ။ သေတဲ့ကောင်ကို လက်ပံခုံရွာထဲမှာ အိမ်တွေနဲ့အတူ မီးရှို့သွားတာ” လို့ PPDF ရဲ့ ဆက်သွယ်ရေးနဲ့ သတင်းပြန်ကြားတာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမယ့် ဒေသခံကာကွယ်ရေးရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီစစ်ကြောင်းဟာ တာဝါတိုင်စခန်းနဲ့ လက်ပံခုံရွာကြားက ယာတဲ ၃၀ လုံးကျော်နဲ့ လက်ပံခုံရွာက နေအိမ် ၇  လုံးကိုမီးရှို့ခဲ့ပြီး သေဆုံးစစ်သားအလောင်းကိုလည်း တခါတည်း မီးရှို့ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပေးပို့တဲ့ ဓါတ်ပုံမှာ မီးလောင်ထားတဲ့ စစ်ကောင်စီစစ်သားရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တွေ့ရပါတယ်။

ဒဏ်ရာရစစ်သားကိုတော့ ကျန် စစ်ကောင်စီတပ်သားအချို့ကသယ်ပြီး လတ်ကြီးရွာဘက်ကို စစ်ကြောင်းပြန်ထွက်သွားကာ လက်ရှိအဲ့ဒီရွာမှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်ကလည်း ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စုမှာ တပ်စွဲထားတဲ့ စစ်ကာင်စီစစ်ကြောင်းဟာ ညောင်ပင်ရွာနဲ့ နတ်ကန်ရွာက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ပုံစာ - စစ်ကောင်စီစစ်သားများကို စနိုက်ပါနှင့် ပစ်ခတ်မှုမြင်ကွင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #စစ်ကောင်စီ #တိုက်ခိုက်ခံရ #စစ်သားသေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10