ပေါင်းတည်မှာ နေအိမ်တလုံးနဲ့ စပါးကျီတလုံး မီးလောင်

ပေါင်းတည်မှာ နေအိမ်တလုံးနဲ့ စပါးကျီတလုံး မီးလောင်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့မှာ ဇန်နဝါရီ ၂၅ ရက် ဒီနေ့မနက်အစောပိုင်းက နေအိမ်တလုံးနဲ့ စပါးကျီတလုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ပေါင်းတည်မြို့နယ်၊ ဗျက်ကြီးတောင်ကျေးရွာမှာ ဒီနေ့မနက် ၂ နာရီလောက်က လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။

"မီးကြွင်းမီးကျန်ကပဲစပြီး လောင်တယ်လို့ ပြောရမယ်။ ၂ ထပ် သွပ်မိုးပျဥ်ထောင်အိမ်တလုံးနဲ့ စပါးကျီတလုံး မီးထဲပါသွားတယ်။ လာရောက်ကူညီပေးတဲ့ အမျိုးသမီးတဦး မီးလောင်ဒဏ်ရာရရှိပြီး စိုးရိမ်ရတာကြောင့် ပေါင်းတည်ဆေးရုံကို ပို့ဆောင်ထားတယ်" လို့ ဒေသခံတဦးဆီက သိရပါတယ်။

ပေါင်းတည်မြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီး၊ မင်းကွက် ၁ အရန်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီးတို့နဲ့ နာရီဝက်အကြာ ငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၃ ရက် ညနေ ၆ နာရီကလည်း ပေါင်းတည်မြို့ပေါ် ရွေးကောက်ပွဲကော်မရှင် ခြံဝင်းအတွင်းက အမှိုက်မီးရှို့ရာက ရုံးရှေ့ ပိတောက်ပင်ကို  မီးကူးစက် လောင်ကျွမ်းခဲ့လို့ မီးသတ်ယာဥ် ၂ စီးနဲ့ အချိန် ၁ နာရီလောက်အကြာ ငြိမ်းသတ်ခဲ့ရပါသေးတယ်။

ပဲခူးတိုင်းအနောက်ခြမ်းမှာ ပေါင်းတည်မြို့က မီးလောင်မှု ၂ ကြိမ်အပါ အခုနှစ်ဇန်နဝါရီလအတွင်း မီးလောင်မှု ၄ ကြိမ်ဖြစ်ပွားပြီး အခုလ ၁၁ ရက်က မိုးညိုမြို့နယ် မှက္ကတန်ရွာက နေအိမ် ၁၅ လုံး၊ ဇန်နဝါရီလ ၁၅ ရက်က ပြည်မြို့ကျောင်းကြီးအိုးတန်းရပ်ကွက်က မွေ့ယာအရောင်းဆိုင်တို့ကိုလည်း မီးလောင်ကျွမ်းခဲ့ပါသေးတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10