သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်းပေါင်းတည်မြို့နယ်၊ ညောင်နီပင်ကျေးရွာက ရာအိမ်မှူးတဦးကို မေလ ၂၂ ရက် မနေ့မနက်က သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDFက သတင်းထုတ်ပြန်ထားပါတယ်။
ပစ်ခတ်ခံရသူဟာ ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ရွာက အသက် ၅၃ နှစ်အရွယ် ကိုသန်းနိုင်(ခ)နိုင်ကြီးဖြစ်ပြီး တရွာတည်းနေထိုင်ကြတဲ့ ယောက္ခမဖြစ်သူရဲ့နေအိမ်ကို ရောက်နေတဲ့အချိန်မှာ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)က သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့သိရပါတယ်။
"သေနတ်နဲ့ပစ်တာကတော့ အချက်ရေက များသွားတယ်။ သူ(ကိုသန်းနိုင်)က သူ့ကို ပစ်မယ်မှန်းသိလို့ ထင်တယ်၊ ထွက်ပြေးတာမှာ လိုက်ပစ်ရတာ အတို ၂ လက်၊ အရှည် ၁လက်နဲ့ကို ပစ်လိုက်ရတာ။ ကိစ္စပြီးတော့ အေးအေး ဆေးဆေးပဲပြန်လာခဲ့တယ်"လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PPDF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့ ညောင်နီပင်ရွာကို နေ့လယ် ၁၂ နာရီလောက်မှာ စစ်တပ်က ဆိုင်ကယ် ၃ စီး၊ ဖောကား ၁ စီးနဲ့ စစ်သားအင်အား ၃၀ နီးပါးရောက်ရှိလာပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။