ပေါင်းတည်မှာ လူငယ်အမျိုးသားတဦး ကြိုးဆွဲချသေဆုံး

ပေါင်းတည်မှာ လူငယ်အမျိုးသားတဦး ကြိုးဆွဲချသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ ဇူလိုင် ၁၆ ရက်မနေ့မနက်က လူငယ်အမျိုးသားတဦး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

သေဆုံးသူမှာ ပေါင်းတည်မြို့၊ ပျဉ်းပင်ကန်ရပ်ကွက်က အသက် ၂၂ နှစ်အရွယ် ကိုရဲမင်းထွန်းဖြစ်ပြီး မနေ့ကမနက် ၈ နာရီလောက်မှာ ပျဉ်းပင်ကန်ရပ်ကွက်နဲ့ ဘွဲ့ပင်ကန်ရပ်ကွက်ကြားရှိ လယ်ကွင်းအတွင်းကညောင်ပင်မှာ ကြိုးဆွဲချသေဆုံးတာလို့ သိရပါတယ်။

“ဘယ်လိုဖြစ် သေတယ်လို့တော့ မသိရဘူး။ သူကတော့ အေးအေးဆေးဆေးနေတတ်တာ။ ကြားရတာတော့ လင်မယားချင်း စကားများတာလို့တော့ သိရတယ်"လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

အလောင်းကို ပေါင်းတည်မြို့ပရဟိတအသင်းက ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ခဲ့ပြီး ဇူလိုင် ၁၇ ရက်ဒီနေ့လယ်မှာတော့ လေးထောင့်ကွင်းသုဿန်မှာ သင်္ဂြိုဟ်မှာလို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်ညကလည်း ပေါင်းတည်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်က အသက် ၂၃ နှစ်အရွယ် လုံခြုံရေးစောင့်အမျိူးသားတဦီး ကြိုးဆွဲချသေဆုံးခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #ကြိုးဆွဲချ #အမျိုးသားတဦး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10