ပေါင်းတည်မှာ သတင်းပေးဖို့သွားတဲ့ တပ်သတင်းပေးဆိုသူကို PDF ပစ်ခတ်ရှင်းလင်း

ပေါင်းတည်မှာ သတင်းပေးဖို့သွားတဲ့ တပ်သတင်းပေးဆိုသူကို PDF ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ကျောက်တံခါးအုပ်စုက စစ်ကောင်စီသတင်းပေးဆိုသူတဦးကို ဒီဇင်ဘာ ၂၀ ရက် မနေ့ မနက် ၇ နာရီလောက်က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PPDF က သတင်းထုတ်ပြန်ထားပါတယ်။

အသတ်ခံရသူမှာ ပဲခူးရိုးမအစပ် ကျောက်တံခါးရွာက အသက် ၅၂ နှစ်အရွယ် ကိုသန်းလွင်ဖြစ်ပြီး သိမ်ကုန်းရွာက တာဝါတိုင်စောင့်စစ်သားတွေထံသွားရောက်စဉ် ကျောက်တံခါးရွာနဲ့ သိမ်ကုန်းရွာကြားမှာ သေနတ်နဲ့  ၂ ချက် ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

“သူက မနက်တိုင်း တာဝါတိုင်စောင့်စစ်သားတွေဆီကို သတင်းပေးဖို့ သွားတာကိုသိလို့ စောင့်ကြိုရှင်းလင်းခဲ့တာပါ။ ဓါးရှည်ကိုင်ပြီး ခြေလျင်သွားနေတာကို ရင်ဘတ်ကို ၂ ချက်ပစ်လိုက်တာ  ပွဲချင်းပြီးပဲ “ လို့ PPDF ရဲ့ သတင်းပြန်ကြားရေးနဲ့ ဆက်သွယ်ရေးတာဝန်ခံက ပြောပါတယ်။ 

ကိုသန်းလွင်ဟာ ပေါင်းတည်မြို့နယ် PDFတပ်ဖွဲ့စခန်းနဲ့ တပ်ဖွဲ့ဝင်ရဲဘော်တွေကို စုံစမ်းပြီး သတင်းပေးတာ၊ အသင့်ထောင်ထားတဲ့မိုင်းကွင်းတွေကို စစ်တပ်ကိုပြသတာ ၊ ကျောက်တံခါးရွာအတွင်းသို့ စစ်တပ်ခေါ်ကာ ကျေးရွာသားတွေကို ဖမ်းဆီးစစ်ဆေးခိုင်းတာအပြင် စစ်ကောင်စီတပ်သားတွေအတွက် ရိက္ခာစားသောက်ကုန်တွေ ဝယ်ယူပေးသူဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်ရှင်းလင်းခဲ့တဲ့ ကိုသန်းလွင်ဆီကနေ ငွေကျပ် တသိန်းရှစ်ထောင်ကျော်၊ မှတ်ပုံတင်၊ လက်ကိုင် ဖုန်းတလုံး၊ ဓါးအတိုနဲ့ အရှည်တချောင်းစီ သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းမှာ ဒီဇင်ဘာ ၁၉ ရက် တရက်တည်းမှာပဲ ရွှေတောင်မြို့နယ်၊ ဆိပ်ကြီးရွာမှာ တပ်သတင်းလို့နာမည်ကြီးသူ ၁ ဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ ပြင်းထန်ဒဏ်ရာရပြီး၊ အဲဒီနေ့ည ၇ နာရီ လောက်မှာ မင်းလှမြို့နယ်၊ စမ်းဘုတ်ရွာက ယာယီအုပ်ချုပ်ရေးမှူးတဦးလည်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ ရပါသေးတယ်။ 

ပုံစာ - သေဆုံးသူအလောင်းနှင့် သိမ်းဆည်းခဲ့သည့် ပစ္စည်းများ။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #အနောက်ခြမ်း #ပေါင်းတည် #တပ်သတင်းပေး #ပစ်သတ်ခံရ #PDF #ရှင်းလင်းမှု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10