ပေါင်းတည်မှာ အကြမ်းဖက်စွပ်စွဲခံရသူရဲ့ လယ်မြေလုပ်ပိုင်ခွင့်ကို စစ်ကောင်စီကပိတ်သိမ်း

ပေါင်းတည်မှာ အကြမ်းဖက်စွပ်စွဲခံရသူရဲ့ လယ်မြေလုပ်ပိုင်ခွင့်ကို စစ်ကောင်စီကပိတ်သိမ်း

ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံရသူရဲ့ လယ်မြေတွေကို စစ်ကောင်စီက ဧပြီလ ၄ ရက် မနေ့မနက် ၉ နာရီလောက်က လုပ်ပိုင်ခွင့်ပိတ်သိမ်းသွားတယ်လို့ ကာယကံရှင်က ပြောပါတယ်။

ပေါင်းတည်မြို့နယ်၊ ဇီးအုပ်ရွာက ဦးညွှန့်လိူင်ကို စစ်ကောင်စီက အကြမ်းဖက်လို့စွပ်စွဲကာ ထွေအုပ်၊ မြေစာရင်း၊ စစ်သားနဲ့ရဲအင်အား ၂၀ လောက်က သူပိုင်ဆိုင်တဲ့လယ်ကွင်းထဲမှာ လုပ်ပိုင်ခွင့်ပိတ်သိမ်းတဲ့ ဗီနိုင်းစိုက်ထူခဲ့တာလို့ ဆိုပါတယ်။


"ကျနော်က ဘယ်ပါတီဝင်မှမဟုတ်ဘူး။ တက်ကြွလူပ်ရှားသူဖြစ်လို့သာ ၅၀၅(က)ဖွင့်ထားတာ၊ ခုလည်းအကြမ်းဖက်ဆိုပြီး စွပ်စွဲထားပြန်တယ်၊ လယ်ထဲမှာလည်း ချိတ်ပိတ်စာချိတ်သွားတယ်" လို့ လယ်ပိုင်ရှင် ဦးညွှန့်လိူင်က ပြောပါတယ်။

ဦးညွှန့်လိူင်ကိုစစ်ကောင်စီက အကြိမ်ကြိမ်ဖမ်းဆီးဖို့ကြိုးစားတဲ့အပြင် နေအိမ်ကိုချိတ်ပိတ်ထားပြီး လက်ရှိမှာ မိသားစုလိုက် တိမ်းရှောင်နေရတယ်လို့ ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလဝန်းကျင်ကလည်း စစ်အုပ်က ဦးညွှန့်လိူင်နေအိမ်က ဆက်တီဝိုင်းတစုံ၊ စားပွဲ၊ မှန်တင်ခုံအပါ ကျပ်သိန်း ၈၀ ဖိုးလောက်ကို ဥပဒေမဲ့ ယူဆောင်သွားခဲ့ပါသေးတယ်။

စစ်ကောင်စီက ပေါင်းတည်မြို့နယ်ထဲက နွေဦးတော်လှန်ရေးမှာ ပါဝင်သူတွေနေထိုင်တဲ့ နေအိမ် ၁၀ လုံးကျော်ကို ချိတ်ပိတ်ထားတယ်လို့ သိရပါတယ်။

စာတည်း-007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10