ပေါင်းတည်မှာ အမျိုးသား ၁ ဦး ရေတွင်းထဲပြုတ်ကျသေဆုံး

ပေါင်းတည်မှာ အမျိုးသား ၁ ဦး ရေတွင်းထဲပြုတ်ကျသေဆုံး

 

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့မှာ အမျိုးသား ၁ ဦး ရေတွင်းထဲပြုတ်ကျသေဆုံးခဲ့တယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။ 

သေဆုံးသူဟာ ပေါင်းတည်မြို့၊ နွယ်ချို ၁ ရပ်ကွက်၊ ရွှေတည် ၂ သရဖီလမ်းက အသက် ၂၆ နှစ်အရွယ် ကိုအောင်မိုးဇော် ဖြစ်ပြီး အ‌လောင်းကို မြို့လယ်ဘုရားကြီးတိုက်ဝန်း၊ မင်းသားကြီးကန်တောင်ဘက်၊ ရန်ကုန် - ပြည်လမ်းဘက်ခြမ်းက ရေတွင်းထဲမှာ နိုဝင်ဘာ ၂၉ ရက် ဒီမနက် ၇ နာရီလောက်က တွေ့ရှိခဲ့တာလို့  ဆိုပါတယ်။

“ရေထဲ ဘယ်လိုကျလဲ‌တော့ မသိဘူး။ ပြန်ဆယ်ချိန် အသားတွေရေနူးပြီး ပွနေပြီ။ ရေတွင်းထဲကျတာ ခန့်မှန်း ၂ ရက် ၃ ရက်‌တော့ရှိမယ်။ သူကအရက်စွဲစွဲမြဲမြဲ သောက်တာမျိုးတော့ရှိတယ်။ အိမ်ထောင်လည်းမရှိဘူး” လို့  မြို့ခံတဦးက ပြောပါတယ်။

အလောင်းကို အနီးရှိမီးသတ်ဝန်ထမ်းတွေက ဆယ်ယူခဲ့ပြီး နာရေးကူညီမှုအသင်းကားနဲ့ ပေါင်းတည် ဆေးရုံကိုအရင်ပို့ကာ အဲ့ဒီနောက်မှ နေအိမ်ကိုပြန်သယ်လာပြီး နိုဝင်ဘာ ၃၀ ရက် မနက်ဖြန် မွန်းလွဲပိုင်းမှာ သင်္ဂြိုဟ်မယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဧပြီ ၁ ရက်ကလည်း ပေါင်းတည်မြို့၊ ၃၉ လမ်းက အသက် ၉ နှစ်အရွယ် Grade 2 ကျောင်းသား မောင်ရဲရင့်ထွန်းဟာ နွားသတ်ချောင်းအတွင်း ရေကူးရာက ရေနစ်သေဆုံးခဲ့ပါသေးတယ်။

ပုံစာ - စေတနာ နာရေးကူညီမှုအသင်းကားဖြင့် အောင်ဇော်မိုးအလောင်းကို နေအိမ်ပြန်ပို့စဉ်။

ဓါတ်ပုံ - စေတနာ နာရေးကူညီမှုအသင်းမှ ကူးယူဖော်ပြသည်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #အမျိုးသား #ရေတွင်းထဲကျ #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10