ပေါင်းတည်မှာ WYဆေးပြား ဖမ်းမိသူတွေထဲ ရဲဝန်ထမ်းရဲ့ယောက်ဖလည်းပါဝင်

ပေါင်းတည်မှာ WYဆေးပြား ဖမ်းမိသူတွေထဲ ရဲဝန်ထမ်းရဲ့ယောက်ဖလည်းပါဝင်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့မှာ WYဆေးပြား တထောင်ကျော်ကိုဖမ်းမိရာမှာ ရဲတပ်ဖွဲ့ဝင်တဦးရဲ့ ယောက်ဖလည်း ပါဝင်နေတယ်လို့  မြို့ခံတဦးဆီက သိရပါတယ်။ 

ပေါင်းတည်မြို့ပေါ်ရပ်ကွက် စည်ပင်သာယာရုံးဝန်း ရေကန်အနီး လမ်းပေါ်မှာရပ်ထားတဲ့ Honda Fit  အဖြူရောင်ကားပေါ်ကနေ WY ဆေးပြား ၁၂၅၀ ပြားကို နိုဝင်ဘာ ၂၁ ရက် ညနေကတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ 

တွေ့ရှိချိန်မှာ ယာဉ်မောင်းသူလို့ ယူဆရသူတဦးနဲ့ ပေါင်းတည်မြို့မရဲစခန်းက ရဲတပ်သားရဲ့ ယောက်ဖတို့ ၂ ဦး ကားပေါ်မှာရှိနေတာလို့ ဆိုပါတယ်။ 

WYဆေးပြားတွေနဲ့အတူ တွေ့ရှိခဲ့တဲ့ ရဲယောက်ဖဆိုသူဟာ ပေါင်းတည်ရဲစခန်းဝန်းအတွင်းမှာ ရဲတပ်သားနဲ့အတူ နေထိုင်တာလို့ ဆိုပါတယ်။

“ရဲတွေက စည်ပင်ဝန်းထဲကို အမှုစစ်ဖို့ သွားရင်း ရပ်ထားတဲ့ကားကို စစ်တာမှာ ကြက်ကန်းဆန်အိုးတိုးပြီး မိသွားတာ။ “လို့ အဲဒီရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။ 

လက်ရှိမှာ ဆေးပြားတွေနဲ့ ကားကို ပေါင်းတည်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ကားပေါ်ပါသူ ၂ ဦးကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ပေါင်းတည်မြို့ပေါ်မှာ WYဆေးပြား အလုံး ၂၀၀ ပါ တထုတ်ကို ၂သိန်းဝန်းကျင်ပေါက်စျေးရှိပြီး ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်တွေမှာ ရောင်းချသလို WYဆေးပြား ဖြန်ချီရာမှာလည်း ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေတယ်လို့ သိရပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #မူးယစ်ဆေးဝါး #ပေါင်းတည် #ပေါင်းတည်ရဲစခန်း #WYဆေးပြား #ဖမ်းဆီးရရှိ #ရဲတပ်ဖွဲ့ #မူးယစ်ဆေးဖြန့်ချီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10