ပေါင်းတည် စစ်ဆေးရေးဂိတ်တွေမှာ အရပ်သားတွေကို ရဲဝတ်စုံဝတ်ပြီး ငွေတောင်းခိုင်း

ပေါင်းတည် စစ်ဆေးရေးဂိတ်တွေမှာ အရပ်သားတွေကို ရဲဝတ်စုံဝတ်ပြီး ငွေတောင်းခိုင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ် ရန်ကုန်ပြည်လမ်းပေါ်က မြို့အဝင်ဂိတ်တွေမှာ အရပ်သားတွေကို ရဲယူနီဖောင်းဝတ်ခိုင်းပြီး ငွေတောင်းခိုင်းနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ပေါင်းတည်မြို့ အဝင် ရွှေတောင်လမ်းစစ်ဆေးရေးဂိတ်နဲ့ သပြေကုန်းဂိတ်တွေမှာ လူခွဲထားပြီး သွားလာနေတဲ့ကားတွေဆီကနေ ပိုက်ဆံတောင်းခိုင်းနေတာလို့ ဆိုပါတယ်။ 

"စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် ၂ ဂိတ်မှာပေါ့။ အရပ်သား ၃ ဦးကို ရဲတွေက ယူနီဖောင်းဝတ်ခိုင်းပြီး ငွေတောင်းခိုင်းတာ ယူနီဖောင်းအပြည့်မဟုတ်ဘူး။ သူတို့မလာရင်လည်း ရဲက အိမ်အထိ လိုက်ခေါ်တယ်။ သူတို့က တယောက်ကို တနေ့ငွေ ၂ သောင်း ရတယ်" လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

ရဲအယောင်ဆောင်တွေကို မြို့ပေါ်ရပ်ကွက်တွေက လောင်းကစားဒိုင်တွေကို လိုင်းကြေးတောင်းတာ ညကင်းလှည့်တာတွေနဲ့ သေနတ်ပစ်ဖောက်တာတွေကိုပါ ခိုင်းစေထားတာလို့ သူက ဆက်ပြောပါတယ်။

မြို့ခံတဦးကလည်း ရဲအယောင်ဆောင်တွေဟာ ကားသမားတွေကို ငွေတောင်းတာ ခြိမ်းခြောက်တာတွေ လုပ်နေတာရှိပေမယ့် တားဆီးသူတော့ မရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ စစ်ဆေးရေးဂိတ်တွေမှာ အရပ်သားတွေမထားဖို့ လွန်ခဲ့တဲ့ ၅ လလောက်ကတည်းက မြို့နယ်တွေကို ညွှန်ကြားစာ ထုတ်ထားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10