ပေါင်းတည် စီးပွားရေးဘဏ်က ညစောင့်လူငယ် ကြိုးဆွဲချသေဆုံး

ပေါင်းတည် စီးပွားရေးဘဏ်က ညစောင့်လူငယ် ကြိုးဆွဲချသေဆုံး

 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်က ညစောင့်အမျိုးသားလူငယ်တဦး ဇွန်လ ၂၆ ရက် မနေ့ညက ကြိုးဆွဲချသေဆုံးတယ်လို့ ရပ်ကွက်နေသူတဦးဆီက သိရပါတယ်။

ပေါင်းတည်မြို့၊ စျေး ၂ ရပ်ကွက်၊ တာပွန်လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်နောက်ဘက် လုံခြုံရေး အဆောင်မှာအသက် ၂၃ နှစ်အရွယ် စောလှိုင်မြင့်သန်း(ခ)စောကြီး(ခ)ဒါဝိဒ်ဟာ မနေ့ည ၉နာရီခွဲလောက်က ကြိုးဆွဲချခဲ့တာလို့ ဆိုပါတယ်။

"ကြိုးဆွဲချသေတာကို စစ်ကောင်စီက ဘယ်သူကိုမှ အသိမခံဘူး။ သတင်းအုပ်ထားတယ်။ အလောင်းသယ်နေကျ ကားကိုလည်းမခေါ်ဘဲ သူတို့အစီအစဥ်နဲ့ ညတွင်းချင်းဆေးရုံပို့လိုက်တာ။ ဘယ်လိုကြောင့်ကြိုးဆွဲချတယ်တော့ မသိရဘူး။ "လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

ပုဆိုးကို အသုံးပြုကာ ကြိုးဆွဲချခဲ့တာကြောင့် လည်ပင်းအရိုးဆက်တွေပြုတ်နေပြီး သေဆုံးနေတာဖြစ်တယ်လို့ နောက်ထပ်မြို့ခံတဦးကလည်း ပြောပါတယ်။

အလောင်းကို ပေါင်းတည်ပြည်သူ့ဆေးရုံ ရင်ခွဲရုံကနေ ဒီနေ့နေ့လယ် ၁ နာရီလောက်မှာ မြို့နယ်နာရေးကူညီမှု အသင်းကားနဲ့ တောင်သုဿန်မှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့မေလ ၂၈ ရက်ကလည်း ပေါင်းတည်မြို့မရဲစခန်းက နယ်မြေနယ်ထိန်းတဦးရဲ့ဇနီးဟာ ခင်ပွန်းနဲ့စကားများရာက အနောက်တိုင်းဆေးမျိုးစုံသောက်ကာ သေကြောင်းကြံမှုပြုခဲ့လို့ ပေါင်းတည်ပြည်သူ့ဆေးရုံတက်ကာ ကုသခဲ့ရပါသေးတယ်။

 

စာတည်း- ဇို

 

#မြေလတ်အသံ

#ပေါင်းတည် #စီးပွားရေးဘဏ် #ညစောင့် #လူငယ် #ကြိုးဆွဲချ #သေဆုံး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10