ပေါင်းတည်၊ နတ်ရေတွင်းရွာကို စစ်တပ်က သုံးကြိမ်မြောက်မီးရှို့

ပေါင်းတည်၊ နတ်ရေတွင်းရွာကို စစ်တပ်က သုံးကြိမ်မြောက်မီးရှို့

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ နတ်ရေတွင်းရွာကို မတ် ၁၅ ရက် မနက် ၇ နာရီကျော်မှာ စစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မတ် ၁၄ ရက်မနက်မှာ ပေါက်ခေါင်းမြို့နယ်၊ ကိုင်းဖျားရွာကနေထွက်လာတဲ့ အင်အား ၄၀ ပါ စစ်ကြောင်းက ခုလိုမီးရှို့ခဲ့တာလို့ ဆိုပါတယ်။ 

“ရွာထဲမှာက လူတွေနေတာမဟုတ်ဘူး။ တမင်ကို မီးလာရှို့သွားတာ။ နတ်ရေတွင်းရွာက အိမ် ၅ လုံးပါသွားတယ်။ မကျီးစမ်းရွာကိုလည်း မနေ့(မတ် ၁၄ ရက်)က မီးရှို့တယ်။ ဘယ်နှစ်လုံး မီးလောင်တယ်ဆိုတာ မသိရသေးဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။ 

လက်ရှိမှာတော့ စစ်ကြောင်းဟာ နတ်ရေတွင်းရွာကနေ ပေါက်ခေါင်းမြို့နယ် လက်ကြီးရွာဘက်ကို ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

နတ်‌ရေတွင်းရွာနဲ့ မကျီးစမ်းရွာတို့ကို စစ်ကောင်စီတပ်က မကြာခဏစစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက စစ်ရှောင်နေကြရတာလို့ ဒေသခံတဦးက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ နတ်ရေတွင်းရွာကို အခုနှစ် ဇန်နဝါရီ ၂၄ ရက်နဲ့  ၂၇ ရက်မှာ နှစ်ကြိမ်မီးရှို့ခဲ့ရာ စုစုပေါင်းနေအိမ် ၃၄ လုံးပျက်စီးခဲ့ပြီး အခုတကြိမ်နဲ့ဆိုရင် သုံးကြိမ်မြောက် မီးရှို့ခံရတာလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် အခုမီးရှို့တဲ့စစ်ကောင်စီစစ်ကြောင်းကိုလည်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မတ် ၁၄ ရက်နေ့လယ်ပိုင်းနဲ့ မတ် ၁၅ ရက်ညနေပိုင်းမှာ ပေါင်းတည်မြို့နယ်ထဲမှာပဲ မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ ပေါင်းတည်ပကဖရဲ့ ဆက်သွယ်ရေးနဲ့ သတင်းပြန်ကြားတာဝန်ခံက ပြောပါတယ်။

စာတည်း - လင်း  

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #နတ်ရေတွင်း #စစ်ကောင်စီ #မီးရှီု့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10