ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်ကြားမှာ KNU-KNLAအပါ မဟာမိတ်အဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ် (ရုပ်/သံ)

ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်ကြားက နယ်မြေအချို့မှာ KNU-KNLA တပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေး မဟာမိတ်အဖွဲ့တွေက နယ်မြေရှင်းလင်းရေးနဲ့ စစ်ဆေးရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

သြဂုတ် ၁၈ ရက်မှာ KNU-KNLA ‌အပါအဝင် ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သနက်ပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Inntakaw ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သိမ်ဇရပ် ပကဖ နဲ့ စုပေါင်းမဟာမိတ်အဖွဲ့တွေက လုပ်ဆောင်ခဲ့ကြတာပါ။ 

"နယ်မြေစိုးမိုးရေး စစ်ဆေးရေးတွေကို ကျနော်တို့ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းကြားပေါ့၊ ဝေါနဲ့ သိမ်ဇရပ်မှာ လုပ်တာ၊ ပြည်သူတွေလည်း လိုက်နာကြပါတယ်။ ကျနော်တို့ စစ်ဆေးရေးကို မနက်ကနေ နေ့ခင်း ၃ နာရီလောက်အထိ လုပ်ခဲ့တယ်" လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲ့ဒီနယ်မြေမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ မရှိပေမဲ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်က သွားရောက်တိုက်ခိုက်တာရှိနေပြီး စစ်ကောင်စီဘက်က ခံစစ်အနေအထား ဖြစ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကျိုက်ထို၊ သိမ်ဇရပ်၊ စစ်တောင်းမြစ်တဘက်ကမ်းအထိ မဟာမိတ်အဖွဲ့တွေက နယ်မြေစိုးမိုးမှုတွေ လုပ်ထားနိုင်ပြီလို့လည်း သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပဲခူးတိုင်း #မွန်ပြည်နယ် #နယ်မြေစိုးမိုးမှု #စစ်ဆေး #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10