ပဲခူးမြို့ပေါ်မှာ PDF ရောက်နေတယ်သတင်းထွက်လို့ အရန်မီးသတ်ဗိုလ် ကိုသန့်ဦးဆောင်ပြီး ကင်းလှည့်

ပဲခူးမြို့ပေါ်မှာ PDF ရောက်နေတယ်သတင်းထွက်လို့ အရန်မီးသတ်ဗိုလ် ကိုသန့်ဦးဆောင်ပြီး ကင်းလှည့်

ပဲခူးမြို့ပေါ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ရောက်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် ပဲခူးမြို့ရဲ့ ပျူစောထီးခေါင်းဆောင်လည်းဖြစ်သလို အရန်မီးသတ်သုံးပွင့်ဗိုလ်လည်းဖြစ်တဲ့ ကိုသန့်ဦးဆောင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလိုက်ပါကာ ပဲခူးမြို့ပေါ်မှာ ကင်းလှည့်နေကြတယ်လို့ ပဲခူးမြို့ခံတွေဆီက သိရပါတယ်။

 

အဲ့ဒီ ကင်းလှည့်တဲ့သူတွေထဲမှာ အရန်မီးသတ်ဗိုလ် ကိုသန့်ဟာ ပဲခူးမြို့ရဲ့ ခရိုနီတဦးဖြစ်သလို VIP KTV ပိုင်ရှင်တဦးလည်း ဖြစ်ပါတယ်။ အဲ့ဒီကင်းလှည့်အဖွဲ့ဟာ အရပ်ဝတ်တွေနဲ့ လက်နက်တွေကိုင်ဆိုင်ကာ ဆိုင်ကယ် ၈ စီး၊ လူအင်အား ၁၆ ယောက်နဲ့ ပဲခူးမြို့ပေါ်ကို ကင်းများလှည့်နေတာဖြစ်ပါတယ်။ 

 

“လက်နက်တွေက အတိုရော၊ အရှည်တွေရော ကိုင်ထားကြတယ်။ သူတို့ကင်းလှည့်တာ စစ်သားနဲ့ ရဲတွေတောင် မပါဘူး။ ကိုသန့်ဆိုတဲ့ သူကပဲ ဦးဆောင်တယ်။ သူက ပဲခူးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆိုပြီးတော့လည်း ဖွဲ့ထားတယ်။ အဲ့အဖွဲ့ရဲ့ခေါင်းဆောင်ဆိုလည်းဟုတ်တယ်”လို့ အမည်မဖော်လိုတဲ့  ပဲခူးမြို့ခံတဦးက ပြောပါတယ်။

 

ဒါ့အပြင် ဇူလိုင် ၄ ရက်ကလည်း ပဲခူးမြို့ အင်းဝ ၈ လမ်းအနောက်ဘက်၊ ဆံတော်တွင်းလမ်းမတန်းဘေးမှာရှိတဲ့ သီရိမင်္ဂလာဘုန်းကြီးကျောင်းမှာ PDF တွေရောက်နေတယ်လို့ သတင်းကြားတာကြောင့် စစ်ကောင်စီတပ်ဖွဲ့နဲ့အတူ လာရောက်ရှာဖွေ စစ်ဆေးသွားတယ်လို့လည်း ပဲခူးမြို့ခံတွေက ဆိုပါတယ်။ 

 

အဲ့ဒီနေ့မှာပဲ ပဲခူးမြို့ပေါ်ရပ်ကွက်ထဲမှာရှိတဲ့ နေအိမ်တွေကို ကိုသန့်နဲ့ အပေါင်းအပါတွေဟာ ရပ်ကွက် အုပ်ချုပ်ရေးမှူးမပါဘဲ သူတို့မယုံကြည်တဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို လိုက်လံစစ်ဆေးတာမျိုးတွေပြုလုပ်လေ့ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

 

“ကြိုက်တဲ့ရပ်ကွက်ကို ဝင်စစ်မယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးမပါလည်း ထွေအုပ်ညွှန်ကြားချက်နဲ့ စစ်ဆေးပိုင်ခွင့် ပေးထားတယ်”လို့ ပဲခူးမြို့ခံတဦးက ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်ကလည်း ပဲခူးမြို့ ဆေးရုံကြီးရှေ့က တိုင်းဒေသကြီး အစိုးရရုံးထဲကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မယ်လို့ သတင်းကြားတဲ့အတွက် ဝန်ထမ်းတွေကို လစာထုတ်မပေးဘဲ နေအိမ်တွေကို ပြန်လွှတ်ခဲ့ပါသေးတယ်။

 

အလားတူ ဇွန်လ ၁၉ ရက်ကလည်း ပဲခူးမြို့ကျောက်တွင်းကုန်းလမ်းဆုံနားမှာ အသံမိုင်းတလုံး၊ ဆည်မြောင်းလမ်းမတန်း ထွေအုပ်ရုံးရှေ့မှာ အသံမိုင်းတလုံး၊ ပင်စည်လမ်းဆုံနားရှိတဲ့ ဝါးဆိုင်(အုပ်ချုပ်ရေးမှူးအိမ်)ရှေ့မှာ အသံမိုင်းတလုံးနဲ့ မြို့ဦးကင်းလမ်းမမှာ အသံမိုင်းတလုံး ပေါက်ကွဲခဲ့ပါသေးတယ်။

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#ပဲခူးမြို့ #အရန်မီးသတ်ဗိုလ်ကိုသန့် #အုပ်ချုပ်ရေးမှူး  #ကင်းလှည့်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10