သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးမြို့ပေါ်မှာ ဇူလိုင် ၁၂ ရက်ကစပြီး ဓာတ်ဆီတွေကို ၅ ဂါလံနဲ့အထက် ပိုဝယ်ယူလို့မရတော့ဘဲ ၅ ဂါလံနဲ့အထက် ဝယ်ချင်ရင် ထောက်ခံစာပါမှသာ ဝယ်ယူလို့ရတယ်လို့ ပဲခူးမြို့ခံတွေဆီက သိရပါတယ်။
မြို့ခံတွေအနေနဲ့လည်း ကားဆီဖြည့်ပြီးရင် တခြားအသုံးပြုဖို့ ဓါတ်ဆီအပို ထပ်ဝယ်ချင်ရင် မြို့နယ်ဥက္ကဌထောက်ခံစာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ ရာအိမ်မှူးထောက်ခံစာ စတဲ့ ထောက်ခံစာ ၃ခုထဲက တခုပါလာမှ အပိုထပ်ဝယ်လို့ ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဓာတ်ဆီတွေကို ထောက်ခံစာတွေမယူဘဲ ရေသန့်ဗူးတွေနဲ့ ဝယ်စုထားပြီး ၅ ဂါလံနဲ့အထက်ရှိနေတာကို အိမ်တွေမှာတွေ့ခဲ့ရင် အရေးယူခံရနိုင်ပေမယ့် ဘယ်လိုပုံစံနဲ့ အရေးယူမယ်ဆိုတာကိုတော့ အတိအကျ ထုတ်ပြန်ထားမျိုးလည်း မရှိဘူးလို့ပြောပါတယ်။
“ဓာတ်ဆီတွေကို ပုံးကြီးတွေနဲ့ ဝယ်ရင်မရောင်းပေးတော့ဘူး။ အဲ့လိုမရောင်းတော့လို့ဆိုပြီး နည်းနည်းစီစုထားရင်း သူတို့သတ်မှတ်ထားတဲ့ ပမာဏထက်ပိုရင် အရေးယူခံရဦးမှာ။ ပဲခူးမှာရှိတဲ့ ဓာတ်ဆီဆိုင်ကြီးတွေကို အဲ့လိုလုပ်ဖို့ စကစကညွှန်ကြားထားတယ်လို့ ကျနော်တို့ကြားတယ်။”လို့ ပဲခူးမြို့ခံတဦးက ပြောပါတယ်။
ဇူလိုင် ၇ ရက်ကလည်း ပဲခူးမြို့ပေါ်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေ ရောက်နေတယ်လို့ သတင်းတွေထွက်ပေါ်ပြီးနောက်ပိုင်း မြို့ပေါ်မှာရှိတဲ့ KTV၊ အရက်ဆိုင်၊ ကုန်စုံဆိုင်နဲ့ ဘားတွေကို ည ၈ နာရီခွဲအထိပဲ ဖွင့်ဖို့ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
စာတည်း - ဇို
#မြေလတ်အသံ
#ပဲခူး #ဓါတ်ဆီ #၅ဂါလံ #ဝယ်ယူ #ရောင်းချ #ပိတ်ပင်ခံရ
Share Share Share