ပဲခူးရိုးထဲက စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်လို့ စစ်အုပ်စု ၃ ဦးသေပြီး ကျည်ဆံအချို့ရရှိ

ပဲခူးရိုးထဲက စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်လို့ စစ်အုပ်စု ၃ ဦးသေပြီး ကျည်ဆံအချို့ရရှိ

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမအစပ် စမ်းဘုတ်ရွာထိပ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅  က သတင်းထုတ်ပြန်ထားပါတယ်။

ဝါးချွန်တွေအသုံးပြုကာရံထာပြီး အင်အား ၁၅ ဦးခန့်ရှိတဲ့ အဲ့ဒီစစ်ကောင်စီဂိတ်စခန်းကို ဒီဇင်ဘာ ၈ ရက် မနေ့ည ၈ နာရီလောက်က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း ရဲတပ်သား ကောင်းမိုးထက်အပါ စစ်အုပ်စုတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးတယ်လို့ ပြောပါတယ်။   

“ ဂိတ်စခန်းနားက သူတို့(စစ်အုပ်စု)က တုတ်ကျင်းတွေထဲ ဝင်ပစ်ခဲ့တာပါ။ တကောင်ကိုတော့ သူတို့ ချက်ချင်းပြန်ဆွဲသွားတယ်“လို့ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရိုးမမြေက မြေလတ်အသံကို ပြောပါတယ်။ 

နှစ်ဘက်ပြန်လှန်ပစ်ခတ်မှု အချိန် ၁ နာရီဝန်းကျင်ကြာမြင့်ခဲ့ပြီး စစ်ကွင်းမြို့ဘက်ကနေ အင်အား ၁၀၀ လောက်နဲ့ စစ်ကူလာတဲ့အတွက် နောက်ပြန်ဆုတ်ခဲ့ရကာ တိုက်ခိုက်ခဲ့တဲ့စစ်ကောင်စီဂိတ်ကနေ ဖုန်း ၂ လုံး၊ ဓာတ်မီး ၂ လက်၊ ငွေကျပ် ၂၀,၀၀၀ ၊ သက်သေခံကတ်ပြား ၇ ခုနဲ့  ကျည် ၁၇ တောင့် သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

သေဆုံးတဲ့ စစ်အုပ်စုဝင် ၃ ဦးကို အဲဒီညမှာပဲ မင်းလှမြို့ဘက်ကို ပြန်သယ်သွားပြီး လက်ရှိမှာလည်း အင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကြောင်းက  မင်းလှမြို့နယ်၊ ပဲခူးရိုးမအစပ်က ဟိုင်းယုရွာဘက်မှာ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်ကလည်း မင်းလှမြို့နယ်၊ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်း၊ ခါချဥ်တောင်ပတ်ကွေ့ကြီးအဆင်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သား ၁၀ ဦးလောက်ကို တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က တိုက်ခိုက်ခဲ့ပြီး အဲ့ဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက် ပဲခူးရိုးထဲက PDF ယာယီစခန်းကို ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

ပုံစာ - တိုက်ပွဲအတွင်းသေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများ။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူးအနောက်ခြမ်း #မင်းလှ #ပဲခူးရိုးမ #စစ်ကောင်စီဂိတ်စခန်း #တိုက်ခိုက်မှု #စစ်အုပ်စု #သေဆုံးမှု #သိမ်းဆည်းရမိ #PDF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10