ပဲခူးရိုးထဲကနေ တရားမဝင်ကျွန်းသစ်ခိုးထုတ်လာတဲ့ကားကို PDF က မိုင်းခွဲ

ပဲခူးရိုးထဲကနေ တရားမဝင်ကျွန်းသစ်ခိုးထုတ်လာတဲ့ကားကို PDF က မိုင်းခွဲ

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးရိုးမထဲကနေ ကျွန်းသစ်တွေ တရားမဝင်သယ် လာတဲ့ ၆ ဘီးယာဉ်ကို နတ်စစ်သည်တပ်ခွဲ ၂ (ကြို့ပင်ကောက်)က မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ နတ်စစ်သည်တပ်ရင်းရဲ့ တပ်ခွဲမှူးတဦးက ပြောပါတယ်။

ကြို့ပင်ကောက်မြို့နယ်အတွင်းကနေ တရားမဝင်ကျွန်းသစ်တွေ ခိုးထုတ်လာပြီး အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်ကို ပြန်လာချိန် သင်္ခရိုင်ရွာနဲ့ ရုံးချောင်းရွာကြားမှာ သြဂုတ် ၁၈ ရက် မနေ့ည ၉ နာရီဝန်းကျင်က ဖောက်ခွဲဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။

"သစ်ခိုးကား ပြန်လာမယ်သတင်းရလို့ စောင့်ဆိုင်းနေတာပါ။ ကားသမားတွေ ထွက်ပြေးသွားတယ်။ ကျနော်တို့လည်း ကားကိုစစ်ဆေးပြီး‌ ဖမ်းမိတဲ့နေရာမှာပဲ ဖျက်ဆီးပစ်ခဲ့တယ်။ အခုချိန်ထိ ဘယ်သူမှ လာမယူသေးဘူး၊ လူအထိခိုက်မရှိဘူး။ ကားရှေ့ပိုင်းတော့ပျက်စီးသွားတယ်" လို့ နတ်စစ်သည်တပ်ခွဲ ၃ တပ်ခွဲမှူးက မြေလတ်အသံကို ပြောပါတယ်။

 

အဲ့ဒီကျွန်းသစ်တွေဟာ ကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင်ဆည်က ပျူစောထီးခေါင်းဆောင်ဆိုသူနဲ့ ကြို့ပင်ကောက်မြို့နယ် သစ်တောဦးစီးဌာနတို့ပေါင်းကာ သစ်ခိုးထုတ်တာဖြစ်ပြီး ခန့်မှန်းတန်ချိန် ၄ တန်ခွဲ၊ ကာလပေါက်ဈေး ကျပ်သိန်း ၁၀၀ ဝန်းကျင် တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။

သစ်မှောင်ခိုသမားတွေဟာ စစ်ကောင်စီတပ်ကို လစဉ်ဆက်ကြေးပေးပြီး သစ်ခိုးထုတ်မှုတွေ လုပ်ဆောင်နေလို့ ဩဂုတ် ၆ ရက်ကစတင်ကာ ပဲခူးရိုးမပေါ် ကုန်တင်ကားတက်ရောက်ခွင့်ကို သာယာဝတီခရိုင် PDF က ပိတ်ပင်ထားပြီး မလိုက်နာရင် ထိရောက်တဲ့အရေးယူမှုတွေပြုလုပ်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၉ ရက်ကလည်း ပဲခူးရိုးမပေါ်ကနေ မီးသွေးတင်ဆောင်လာတဲ့ စစ်တပ်သတင်းပေး ပျူစောထီးဆိုသူ ၂ ဦးကို မင်းလှ PDF က ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

ပုံစာ - နတ်စစ်သည် PDF က မိုင်းခွဲဖျက်ဆီးခဲ့သည့် တရားမဝင်သစ်ခိုးထုတ်ယာဉ်။

စာတည်း - ရင်ငြိမ်

#မြေလတ်အသံ

#ပဲခူးရိုးမ #ကြို့ပင်ကောက် #သစ်ခိုးထုတ်ကား #မိုင်းခွဲခံရ #သယံဇာတ #PDF #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10