သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ပဲခူရိုးမလမ်းပိုင်းနေရာတွေမှာ နယ်မြေလုံခြုံရေးအတွက် စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သာယာဝတီခရိုင် PDF အမှတ် - ၃၈၀၂ တပ်ရင်းက ဇူလိုင် ၁၆ ရက်ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
ပဲခူးရိုးပေါ်တက်ရောက်တဲ့ မင်းလှ-မြိုချောင်း-စိန်ကန့်လန့်လမ်းပိုင်းအပါအဝင် ပဲခူးရိုးမတောင်ပေါ်မှာရှိတဲ့ ဇာမဏီသစ်တောကြိုးဝိုင်းနဲ့ မုက္ခာသစ်တောကြိုးဝိုင်းနယ်မြေတွေမှာ စစ်ဆေးမှုတွေလုပ်ဆောင်နေတာဖြစ်ပြီး တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွားလာနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ သတိထားသွားလာကြဖို့ PDF ဘက်က သတိပေးပါတယ်။
"ကျနော်တို့ PDF တွေနယ်မြေစိုးမိုးထားတဲ့နေရာမှာ စစ်တပ်ဘက်ကသစ်ခိုးထုတ်နေတာသိလို့ လုံခြုံရေးအရ စစ်ဆေးနေတာပါ။ ပြည်သူတွေပူပေါင်းပါဝင်တဲ့အနေနဲ့ စစ်တပ်နဲ့ဝေးဝေးနေကြပါ။ အတတ်နိုင်ဆုံး ဒီလမ်းကိုမလာကြဖို့ ပြောချင်ပါတယ်" လို့ သာယာဝတီခရိုင် PDF တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်းပေါ်မှာ ဒေသခံရွာသူ၊ရွာသားတွေက ကြုံရာကျပန်း အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး၊ ထိခိုက်နစ်နာတာမျိုးမဖြစ်စေချင်လို့ အသိပေးရတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ပဲခူးရိုးမပေါ်မှာရှိတဲ့ သဘာဝသံယံဇာတပစ္စည်းတွေကို ထိန်းသိမ်းကာကွယ်တဲ့အနေနဲ့စိုးမိုးနယ်မြေတွေမှာ နယ်မြေရှင်းလင်းရတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၂ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ဟာ ပဲခူးရိုးမတောပေါ်မှာရှိနေတဲ့ ပြည်သူတွေကိုထွက်ခွာခိုင်းခဲ့ပြီး ရိုးမတောင်ခြေမှာရှိနေတဲ့ ပြည်သူတွေကိုလည်း ရိုးပေါ်တက်ခွင့်မပေးဘဲ တွေ့ရှိပါက ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
စာတည်း- ရင်ငြိမ်း
#မြေလတ်အသံ
#ပဲခူး #မင်းလှ #PDF #နယ်မြေရှင်းလင်း #စစ်ကောင်စီတပ် #ပဲခူးရိုး
Share Share Share