ပဲခူးရိုးမက PDF တွေရဲ့သတင်းကို စုံစမ်းနေတဲ့ မီးသွေးကားမောင်းသူ၂ ဦးကို ရှင်းလင်း

ပဲခူးရိုးမက PDF တွေရဲ့သတင်းကို စုံစမ်းနေတဲ့ မီးသွေးကားမောင်းသူ၂ ဦးကို ရှင်းလင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမအစပ် စိန်ကန့်လန့် - မြို့ချောင်းလမ်း ခါချဥ်တောင်မှာ မီးသွေးတင်ကားကို မီးရိူ့ပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၂ ဦးကို သာယာဝတီခရိုင် ၃၈၀၂ တပ်ခွဲ ၅ က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ အဖွဲ့က ဇူလိုင်လ ၂၀ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းလှမြို့နယ်၊ စိန်ကန့်ကန့်လန့်ရွာ RTC ဝင်းထဲမှာနေတဲ့ အသက် ၂၅ နှစ်အရွယ် ကိုချစ်မွှေးနဲ့ ကိုကောင်းစံတို့ ၂ ဦးဟာ ပဲခူးရိုးမထဲက ပြည်သူ့ကာကွယ်ရေးတပ်တွေအကြောင်းကို သတင်းပေးလုပ်နေတာကြောင့် အကြိမ်ကြိမ် သတိပေးထားပေမယ့် လိုက်နာမှုမရှိလို့ ဇူလိုင် ၁၉ ရက် မနေ့ညနေ ၅ နာရီခွဲလောက်က ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

"စစ်ကောင်စီနဲ့ပေါင်းပြီး သတင်းပေးဒလန်လုပ်နေလို့ ဒီကောင်လေးတွေကို အကြိမ်ကြိမ်သတိပေးထားတာ။ ပြီးတော့ သူတို့ ၂ ဦးက မင်းလှ ခလရ ၁ က တပ်ကြပ်ကြီးခင်မောင်ကြည်ရဲ့ တပည့်အရင်းတွေဖြစ်နေလို့ ရှင်းလင်းလိုက်ရတာ" လို့ တပ်ရင်း ၃၈၀၂ ရဲ့သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပဲခူးရိုးမထဲမှာ မီးသွေးနဲ့ သစ်ထုတ်တဲ့ကား ၄ စီးနဲ့လာတာမှာ ရှေ့ဆုံး ဖောကားအပြာမှ ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်ကို ရှင်းလင်းပြီး ကားကို မီးရိူ့ချိန် ကျန်ကား ၃ စီးက နောက်ပြန်ဆုတ်သွားတာလို့ ဆိုပါတယ်။

ဇူလိုင် ၂၀ ရက် မနက် ၂ နာရီလောက်မှာ ကား ၅ စီးနဲ့ အလောင်းလာရောက်သယ်ချိန်မှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေက ပြည်သူ ၄ ဦးကို ဓားစာခံအနေနဲ့ဖမ်းဆီးလာတာဖြစ်ပြီး ဘယ်ရွာသားတွေဖြစ်တယ်ဆိုတာကိုတော့ စုံစမ်းနေဆဲလို့ ဆိုပါတယ်။

ပဲခူးရိုးမမှာ မီးသွေးနဲ့သစ်လာသယ်တဲ့ကားတွေဟာ ဗိုလ်မှူးကျော်သူရက ခိုင်းစေခဲ့တာဖြစ်ပြီး အခုလို ကားတခေါက်သယ်ယူပါက ၆ ဘီးယာဉ် ကျွန်းသစ်ကားတစီးအတွက် ဗိုလ်မှူးကျော်သူရကို ကျပ် ၁၀ သိန်းပေးရပြီး ထွေအုပ်နဲ့သစ်တောကို ကျပ် ၅ သိန်းစီ ပေးဆောင်ရတယ်လို့ ပြောပါတယ်။

“တပ်ရင်းမှူးကတော်နဲ့ အပေါင်းအပါတချို့ကလည်း သစ်ခိုးထုတ်နေကြတာ။ အဲ့ဒါ သူတို့လူတွေကို ဗိုလ်မှူးကျော်သူရက ခေါ်သုံးပြီး အခုလိုအသတ်ခံလိုက်ရတော့ မကျေမနပ်တွေဖြစ်နေကြတယ်” လို့ ခလရ ၁ နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၁၆ ရက်ဝန်းကျင်ကလည်း စစ်ကောင်စီတပ်‌ဖွဲ့တွေဘက်က သစ်ခိုးထုတ်မှုတွေ လုပ်ဆောင်နေလို့ မင်းလှမြို့နယ်ထဲက ပဲခူးရိုးမ လမ်းပိုင်းနေရာတွေနဲ့ သစ်တောကြိုးဝိုင်းတွေမှာ သာယာဝတီခရိုင် PDF အမှတ် ၃၈၀၂ တပ်ရင်းက နယ်မြေလုံခြုံရေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းအနောက် #မင်းလှ #ပဲခူးရိုးမ #စိန်ကန့်လန့်-မြို့ချောင်းလမ်း #မီးသွေး #မီးရှို့

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10