ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုရှိ

ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုရှိ

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်အတွင်း ပဲခူးရိုးမပေါ်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကိုဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈ဝ၂ ရဲ့ တာဝန်ရှိသူတဦးဆီက သိရပါတယ်။

လက်ပံတန်းမြို့ဘက်ကနေ စစ်အင်အား ၁ဝဝ ကျော်နဲ့  စစ်ကြောင်းထိုးလာတာကို မေ ၁၃ ရက် မနက် ၇ နာရီလောက်မှာ ရေငံရွာထိပ်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF ဘက်ကပစ်ခတ်တဲ့ ၄ဝ မမ ဗုံးသီး  စစ်ကြောင်းပွိုင့်တပ်ဖွဲ့ထဲ ကျရောက်ပေါက်ကွဲလို့ ၁ ဦးသေဆုံးကာ ၉ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

"ရှေ့ဆုံးက ပွိုင့်ထဲကို ၄၀ မမ ကျည်ကျပြီး ၁၀ ကောင်လောက် ထိသွားတာ။ ဒဏ်ရာရတဲ့ကောင်တွေကို လက်ပံတန်းကို ကားနဲ့ပြန်သယ်တုန်း လမ်းမှာ ၁ ကောင်သေတယ်လို့ သိရတယ်” လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမင်းက ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်ကလည်း ၄၀ မမ၊ ၆ဝ မမ စိန်ပြောင်းတွေနဲ့ အပြန်အလှန် ပစ်ခတ်ရာ နှစ်ဖက်ပစ်ခတ်ချိန် နာရီဝက်လောက်ကြာမြင့်တယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၃ တို့ ပေါင်းကာ တိုက်ခိုက်ခဲ့တာလို့သိရပြီး တိုက်ခိုက်ရေးရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ ဆိုပါတယ်။

မေ ၁၅ ရက် ဒီမနက်မှာတော့ စစ်ကောင်စီတပ်ဟာ ရေငံရွာထဲမှာ တပ်စွဲနေပြီး မေ ၁၂ ရက် မနက်ပိုင်းမှာလည်း အဲ့ဒီစစ်ကြောင်းကပစ်ခတ်လို့ ထန်းပင်ချောင်ရွာထဲကို ၄၀ မမ ဗုံးသီးကျရောက်ပေါက်ကွဲပြီး အသက် ၆ဝ အရွယ် အမျိုးသားတဦး ဒဏ်ရာရခဲ့ပါသေးတယ်။

ဓာတ်ပုံ - Bago PDF (ပုံဟောင်း)။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#ပဲခူး #လက်ပံတန်း #ပဲခူးရိုးမ #စစ်တပ် #ပစ်ခတ်တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10