ပဲခူးရိုးမမှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံး (ရုပ်သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမအစပ် ကြိုးဝိုင်းထဲမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဇွန်လ ၂၄ ရက် မနေ့မနက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေပြီး ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PPDF ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
 
ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းအုပ်စု၊ သိမ်ကုန်းရွာ အထိုင်စခန်းကနေ အင်အား ၄၀ လောက်နဲ့ ပဲခူးရိုးမအစပ်က ရွှေလေးကြိုးဝိုင်းထဲကို စစ်ကြောင်းထိုးလာချိန် မနက် ၈ နာရီခွဲလောက်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
 
ဒီတိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) တပ်ရင်းအဖွဲ့(၂) လင်းယုန်စစ်ကြောင်းနဲ့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) တပ်ရင်း၊ တပ်ခွဲ ၂ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကာ မိနစ် ၂၀ ဝန်းကျင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်ပြီးနောက် သေဆုံးစစ်သားအလောင်းကို မီးရှို့သွားခဲ့သလို အနီးဝန်းကျင်းက ယာတဲ ၃ လုံးကိုလည်း မီးရှို့သွားသေးတယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10