ပဲခူးရိုးမအခြေမှာ မိုင်းဆွဲခံရလို့ စစ်ကောင်စီစစ်သားတွေ စောင်ပုခက်နဲ့ ထမ်းသယ်သွားရ

ပဲခူးရိုးမအခြေမှာ မိုင်းဆွဲခံရလို့ စစ်ကောင်စီစစ်သားတွေ စောင်ပုခက်နဲ့ ထမ်းသယ်သွားရ

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမခြေရင်း ရွှေလေးကြိုးဝိုင်းထဲက စစ်ကောင်စီစစ်ကြောင်းကို ဇွန်လ ၁၄ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PPDF ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

အင်အား ၃၀  ဦးကျော်လောက်ပါတဲ့ စစ်ကြောင်းကစစ်သားအချို့ဟာ ရွှေလေးကြိုးဝိုင်း ဧက ၅၀၀ အကွက်အမှတ် ၄၀ ထဲက ယာစောင့်တဲအတွင်းဝင်ရောက်ချိန် အသင့်ထောင်ထားတဲ့ အဝေးထိန်းမိုင်း ၂ လုံးနဲ့ မနက် ၈ နာရီလောက်မှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်သား ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

"စစ်သား ၈ ဦးလောက်က တဲထဲကိုဝင်မယ့်အချိန် ကျနော်တို့က ယာတဲထဲကဖျာကြမ်းအောက်မှာ မြေတူးမြုပ်ထည့်ထားတဲ့ ဓါတ်ဗူးအသေးအရွယ် ၆ ပိဿာခွဲလေးတဲ့ မိုင်း ၂ လုံးနဲ့ခွဲလိုက်တာ။ စစ်သားတွေလည်းဒဏ်ရာရ တဲလက်ပျက်ရောပဲ" လို့ PPDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်မှုအပြီး စစ်ကြောင်းဟာ ဒဏ်ရာရလူနာတွေကို စောင်ပုခက် ၅ ဆိုင်းနဲ့ထမ်းကာ လဲပင်ကျေးရွာဘက် ထွက်သွားတာကို မြင်ခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ပြည်ခရိုင် PDF တပ်ရင်း၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ၃၆၀၁ PPDF တပ်ရင်းတပ်ခွဲ -၂ က လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်မနက် ၁၁ နာရီလောက်ကလည်း အဲဒီစစ်ကြောင်းဟာ ပေါင်းတည်မြို့နယ်၊ ရွှေလေးကြိုးဝိုင်း၊ သစ်ဖြူချောင်းအနီးကို အင်အား ၃၅ ဦးလောက်နဲ့ စစ်ကြောင်းထိုးလာတာကို PPDF တပ်ဖွဲ့က လက်နက်ငယ်နဲ့ တိုက်ခိုက်ခဲ့လို့ စစ်သားတဦး သေဆုံးခဲ့ပါသေးတယ်။

 

ပုံစာ - စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် မိုင်းများ။

 

စာတည်း - 007

 

#မြေလတ်အသံ

#ပဲခူးရိုးမ #ပြည် #ပေါင်းတည် #PPDF #မိုင်းဆွဲတိုက်ခိုက် #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10