ပျက်စီးနေတဲ့ ကျေးရွာချင်းဆက်လမ်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်ပြင်

ပျက်စီးနေတဲ့ ကျေးရွာချင်းဆက်လမ်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်ပြင်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အနောက်ဘက်ရှိ ပျက်စီးနေတဲ့ ကျေးရွာချင်းဆက်လမ်းပိုင်းတခုကို ပြုပြင်ပေးခဲ့တယ်လို့  ပုံတောင် Tiger PDF က ဇူလိုင်လ ၁ ရက် မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်နယ် ၂ အဖွဲ့ဝင်တွေ၊ ပုံတောင် Tiger PDF  ရဲဘော်တွေနဲ့  ဒေသခံပြည်သူတွေပူးပေါင်းပြီး ဇွန်လ ၂၉ ရက်နဲ့ ၃၀ ရက်တို့မှာ လမ်းပိုင်းအရှည် ၆ မိုင်ခန့်ကို ပြုပြင်ခဲ့တာလို့ ဆိုပါတယ်။

“တချို့နေရာတွေဆို ဗွက်(ချိုင့်ခွက်)က ပေါင်လယ်လောက်ထိ ရှိတယ်။ ကားလေးတွေ မောင်းလို့မရဘူး။ အဓိက ကတော့ NUG က ဖွင့်ထားတဲ့ဆေးခန်းကို အလွယ်တကူ သွားလို့ရအောင် ပြုပြင်တာပါ” လို့ ပုံတောင် Tiger PDF  ရဲ့ တာဝန်ခံက ပြောပါတယ်။

ပျက်စီးနေတဲ့လမ်းပိုင်းကို အလှူဝင်ထားတဲ့ ဒေသအခေါ်  ဂျင်း (အာလူးကျောက်နဲ့ ကျောက်မှုန့်ရော)ဖို့ကာ ပြုပြင်ပေးခဲ့တာဖြစ်လို့ ကျောက်ဖိုးကုန်ကျစရိတ်မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

လမ်းပြုပြင်ရာမှာ အသုံးပြုရတဲ့ စက်ယန္တယားတွေကို ငှားရမ်းရတာဖြစ်ပြီး ကျောက်သယ်ယူစရိတ်နဲ့ လမ်းပိုင်းပြုပြင်စရိတ်အပါ ကျပ် ၄၅ သိန်းကျော် ကုန်ကျပြီး အလှူခံရငွေတွေနဲ့ ပြုပြင်ခဲ့တာလို့ ဆိုပါတယ်။

ဒီလမ်းပိုင်းကို စစ်အာဏာသိမ်းအပြီးမှာ ပုံတောင် Tiger PDF  က ပြည်သူတွေနဲ့ပေါင်းကာ ဖောက်လုပ်ခဲ့တာဖြစ်ပြီး ပုံတောင်ဒေသရှိ ကျေးရွာတွေက အဓိကအသုံးပြုနေကြတာလည်း ဖြစ်ပါတယ်။ 

ပုံစာ - ပျက်စီးနေတဲ့ လမ်းပိုင်းကို ပြုပြင်နေမှုမြင်ကွင်း။

သတင်း - ခန့်အောင်၊ စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #လမ်းပိုင်းပြုပြင် #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10