ပျူစောထီးကျေးရွာက ထွက်ပြေးလာသူတွေကို ဆန် တင်း ၁၀၀ ထောက်ပံ့

ပျူစောထီးကျေးရွာက ထွက်ပြေးလာသူတွေကို ဆန် တင်း ၁၀၀ ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ထဲကို နေရပ်စွန့်ခွာထွက်ပြေးလာကြတဲ့ စစ်ရှောင်ပြည်သူတွေမှာ စားနပ်ရိက္ခာခက်ခဲနေတာကြောင့် ဆန် တင်း ၁၀၀ ထောက်ပံ့ပေးခဲ့တယ်လို့ အညာပစ်တိုင်းထောင်အဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီစစ်ရှောင်တွေဟာ စစ်တပ်နဲ့ပျူစောထီးတွေတပ်စွဲနေတဲ့ ဂန့်ဂေါမြို့နယ်၊ ကန့်သတ်ကျေးရွာကနေ ထွက်ပြေးလာသူတွေဖြစ်ပြီး အိမ်ထောင်စု ၆၀၊ လူဦးရေ ၂၆၀ ဦး အတွက် ၁ လစာအဖြစ် ဆန်တင်း ၁၀၀ ကိုထောက်ပံ့ပေးခဲ့ကာ ကျပ်သိန်း ၅၀ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။ 

"မိုးရာသီဆို အလှူရှင်တွေ အရောက်နည်းတယ်။ ဆန်မရှိမှာကို စိုးရိမ်နေကြတယ်ဗျ။ အခုသူတို့စားဖို့ တလစာ လှူပေးခဲ့တယ်။ မိုးတွင်း ၅ လအတွက် ဆန်လိုအပ်ချက်ရှိနေပါတယ်" လို့ အညာပစ်တိုင်းထောင်အဖွဲ့ ခေါင်းဆောင် မဖူးပွင့်ဝေ ကပြောပါတယ်။

ခုလိုထောက်ပံ့ရာမှာလည်း ပုလဲမြို့နယ်ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့က လိုက်ပါကူညီပေးခဲ့ပြီး စစ်ရှောင်တွေကိုလည်း အားပေးစကားပြောဆိုခဲ့တယ်လို့ ပုလဲမြို့နယ် လူသားစာနာတာဝန်ခံက ပြောပါတယ်။

အဲဒီစစ်ရှောင်ပြည်သူတွေဟာ ကန့်သတ်ကျေးရွာကို စစ်ကောင်စီအဖွဲ့တွေက ပျူစောထီးရွာအဖြစ် ဖွဲ့စည်းတာကို ဆန့်ကျင်တဲ့သူတွေဖြစ်ပြီး ၂၀၂၂ မတ်လထဲမှာ ပုလဲနယ်ကို ရောက်ရှိလာကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီစစ်ရှောင်တွေကိုလည်း ရေရှည်အဆင်ပြေစေဖို့အတွက် အများပိုင် ဟင်းသီးဟင်းရွက်စိုက်ခင်း၊ တောင်ယာစိုက်ခင်းတွေ လုပ်ကိုင်ပေးထားသလို ကြက်၊ဝက်တွေ မွေးမြူဖို့ကိုလည်း ပုလဲမြို့နယ် ပအဖနဲ့ လူသားစာနာအဖွဲ့တို့က ပံ့ပိုးကူညီပေးထားတယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။ 

ပုံစာ - စစ်ရှောင်ပြည်သူတွေကို ရိက္ခာအတွက် ဆန်များထောက်ပံ့ပေးနေစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #ယင်းမာပင် #စစ်ရှောင်ပြည်သူ #ရိက္ခာခက်ခဲ #ထောက်ပံ့ #အညာပစ်တိုင်းထောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10