ပျူစောထီးဆိုသူတွေ စီးလာတဲ့ကား တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရမိ

ပျူစောထီးဆိုသူတွေ စီးလာတဲ့ကား တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ ပျူစောထီးဆိုသူတွေစီးလာတဲ့ကားကို တော်လှန်ရေးအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ရာက ပျူတွေသေဆုံးသလို လက်နက်တွေ သိမ်းဆည်းရခဲ့တာလို့ လှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ အဖွဲ့တွေဆီက သိရပါတယ်။

ဧပြီ ၁၀ ရက်နေ့ညနေပိုင်းက တောင်သာမြို့နယ်၊ ညောင်ဦး-မြင်းခြံလမ်းပေါ်က တမိုက်သာနဲ့ ကန်ရွာကြားနေရာမှာ ပျူစောထီးဆိုသူတွေ စီးလာတဲ့ကား ပြန်လာချိန်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သတင်းကြိုတင်ရရှိထားလို့ စောင့်ဆိုင်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။


"ထန်းပင်ကန်ရွာက ပျူကောင်တွေပါ။ သူတို့ပြန်အလာ ကျနော်ဘက်က ဆီးပစ်ကြတာဆိုတော့ ကားကဂျွမ်းပြန်သွားတယ်။ သုံးယောက်လုံး ဇောက်ထိုးတွေနဲ့ ပွဲချင်းပြီး သေတာ၊ကာဘိုင်သေနတ် သုံးလက် ရလိုက်တယ်" လို့ မြင်းခြံတပ်ရင်းအမှတ်-၃ ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

၃ ဦးသေဆုံးပြီး၊ ကာဘိုင်သေနတ် ၃ လက်၊ စကားပြောစက် ၁ လုံး သိမ်းဆည်းရမိတယ်လို့ သူက ဆက်ပြောပါတယ်။

သေဆုံးသူများမှာ ထန်းပင်ကန်ရွာ ပျူခေါင်းဆောင်အုပ်ကြီးလို့ဆိုသူ တင်ဆန်းဦး၊ လှိုင့်မြင့်ဦး နဲ့ စစ်မှုထမ်းဟောင်း တဦးတို့ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုထားပြီး မြေလတ်အသံအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဲဒီတိုက်ပွဲမှာ မြင်းခြံခရိုင်တပ်ရင်း အမှတ်-၃ တပ်ဖွဲ့နဲ့အတူ မြင်းခြံခရိုင်တပ်ရင်း အမှတ်-၁ Burmese Guerrilla Force -BGF နဲ့ Zero-Nine ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10