ပျူစောထီးတွေလက်က ထွက်ပြေးလွတ်မြောက်လာတဲ့ သားအမိ (ရုပ်သံဆောင်းပါး)

အသက် ၄၅ ဝန်းကျင်အရွယ် ဦးရင်နဲ့ ဒေါ်တင်တို့ဟာ သား ၄ ယောက်နဲ့အတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှာ နေထိုင်ကြသူတွေဖြစ်ပါတယ်။   

သူတို့မိသားစုက ထန်းပင် ၄ ပင် ပိုင်ဆိုင်ပြီး ဦးရင်က ထန်းတက်ကာ ထန်းရည်ရောင်းပါတယ်။ ဒါ့အပြင် ထန်းလက်အငှားလိုက်ခုတ်ပြီး အဲ့ဒီကရတဲ့ဝင်ငွေနဲ့ တမိသားစုလုံး စားသောက်ကြရတာပါ။ 

ဒေါ်တင်က သွေးတိုးနဲ့ ဆီးချိုရောဂါရှိတာကြောင့် အပြင်ထွက် အလုပ်မလုပ်နိုင်ဘဲ အိမ်မှုကိစ္စနဲ့ မီးဖိုချောင်ကို တာဝန်ယူရပါတယ်။ 

၂၀၂၁ စစ်တပ်က တိုင်းပြည်အာဏာကို အတင်းအဓမ္မသိမ်းလိုက်တဲ့နောက်မှာတော့ အားလုံးနည်းတူ သူတို့ရဲ့ မိသားစုအသိုက်အမြုံလေးဟာလည်း တစစီပြိုကွဲသွားခဲ့ရတယ်။ မိသားစုတွေ အခက်အခဲ အကျပ်အတည်းများစွာနဲ့ ကြုံတွေ့ခဲ့ရတယ်။ 

တည်းဖြတ် - HP

#မြေလတ်အသံ

#ရုပ်သံဆောင်းပါး #ပျူစောထီး #စစ်ကိုင်း #ယင်းမာပင် #ပုလဲ #ဇီးဖြူကုန်းရွာ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10