ပျူစောထီးတွေလက်ထဲက ထွက်ပြေးလွတ်မြောက်လာသူ ၅ ဦးကို ထောက်ပံ့

ပျူစောထီးတွေလက်ထဲက ထွက်ပြေးလွတ်မြောက်လာသူ ၅ ဦးကို ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ ပျူစောထီးအများစုနေထိုင်တဲ့ ဇီးဖြူကုန်းကျေးရွာကနေ ထွက်ပြေးလွတ်မြောက်လာသူ ၅ ဦးကို နိုဝင်ဘာ ၂၅ ရက်မနေ့က ထောက်ပံ့မှုပေးခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဇီးဖြူကုန်းရွာကနေ နိုဝင်ဘာ ၂၄ ရက်မှာ ထွက်ပြေးလာတဲ့ သားအမိ ၄ ဦးနဲ့ နောက်ထပ်အမျိုးသား ၁ ဦးတို့ကို စုစုပေါင်း ငွေကျပ် ၁ သိန်း၊ မိုးကာ ၂ ချပ်၊ ခြုံစောင်တွေ ကူညီထောက်ပံ့ ပေးခဲ့တာလို့ ဆိုပါတယ်။ 

"ပျူရွာထဲမှာ စားဖို့ခက်ခဲနေကြတယ်။ ကလေးတွေကိုလည်း ချုပ်ခြယ်ထားတော့ မနေနိုင်တော့လို့ ထွက်ပြေးလာကြတာပါ။ စားဖို့နေဖို့အတွက်လည်း တတ်နိုင်သလောက် ထောက်ပံ့ပေးထားပါတယ်" လို့ ပုလဲပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲနဲ့ ပုလဲမြို့နယ် လူသားစာနာတာဝန်ခံတို့က ပူးပေါင်းထောက်ပံ့ခဲ့တာဖြစ်ပြီး လက်ရှိမှာ သူတို့ ၅ ဦးကို လုံခြုံစိတ်ချရတဲ့ စစ်ရှောင်စခန်း တနေရာတခုမှာထားပြီး စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ပုလဲ #ဇီးဖြူကုန်း #ပျူစောထီးရွာ #ထွက်ပြေး #စောင့်ရှောက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10