ပျူစောထီးမင်းမင်းကို သတ်ဖြတ်ခဲ့တဲ့လုပ်ရပ်ဟာ နိုင်ငံတကာဥပဒေတွေနဲ့ငြိလို့ ကျူးလွန်တဲ့ ရဲဘော် ၄ ဦးကို ထောင် ၁ နှစ်စီချ

ပျူစောထီးမင်းမင်းကို သတ်ဖြတ်ခဲ့တဲ့လုပ်ရပ်ဟာ နိုင်ငံတကာဥပဒေတွေနဲ့ငြိလို့ ကျူးလွန်တဲ့ ရဲဘော် ၄ ဦးကို ထောင် ၁ နှစ်စီချ

စစ်တပ်လော်ဘီ ပျူစောထီးမင်းမင်းကို ရှင်းလင်းခဲ့တဲ့ ရဲဘော် ၄ ဦးရဲ့လုပ်ရပ်ဟာ International Humanitarian Law and International Human Rights Lawနဲ့ ငြိစွန်းတဲ့အတွက် ထောင်ဒဏ် ၁ နှစ်စီ ချမှတ်လိုက်တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်က နေပြည်တော် -တောင်ညိုလမ်းပိုင်းတနေရာက ကြက်ဝိုင်းမှာရှိနေတဲ့ စစ်တပ်လော်ဘီ မင်းမင်းနဲ့ အဖွဲ့ ဝင် ၂ ဦးကို သတ်ဖြတ်ခဲ့တဲ့ ‌ရဲဘော်၄ ဦးကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် ခုံရုံးစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ပါတယ် ။

စစ်ဆေးချက်အရ ရဲဘော် ၄ ဦးရဲ့လုပ်ရပ်တွေဟာ IHL- IHR (အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေနှင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ)တို့နဲ့  ငြိစွန်းတဲ့အတွက် ထောင်ဒဏ် ၁ နှစ်စီ ချမှတ်လိုက်တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မှ ဥက္ကဌ ကိုကျီးကန်းက ပြောပါတယ်။

"လူတယောက်ကိုသက်တာ သေသွားရင် ရပါပြီ။ သို့သော်လည်းပဲ ခန္ဓာကိုယ်အစိတ်ပိုင်းကိုဖြတ်တောက်ပြီး မီဒီယာမှာ သူတို့ကိုယ်ပိုင်အကောင့်တွေကနေ အဆင်ခြင်မဲ့ တင်တဲ့အတွက်ကြောင့်ပါ။ ဒါဟာကျွန်တော်တို့ကခွင့်ပြုမထားပါဘူးခင်ဗျာ။" လို့ ဥက္ကဌ ကိုကျီးကန်းက ဆက်ပြောပါတယ်။

စစ်တပ်လော်ဘီ မင်းမင်းကို ရဲဘော် ၄ ဦးက သေနတ်နဲ့ပစ်သတ်အပြီးမှာ ဦးခေါင်းကိုဖြတ်ပြီး ခြေထောက်နဲ့နင်းကာ လှောင်ပြောင်ပြောဆိုထားတာတွေကို ဗီဒီယိုမှတ်တမ်းရိုက်ကူးခဲ့ကြတာပါ။

"ဖမ်းတယ်ဆိုတာထက် သူတို့ကိုယ်တိုင်က အပြစ်ရှိကြောင်းဝန်ခံပါတယ်။ နောက်နောင်သူတို့လိုစိတ်လိုက်မာန်ပါ မလုပ်ဖို့ စံပြအဖြစ် ပထမဆုံးအရေးယူမှုကို ကြည်ဖြူစွာလက်ခံပါတယ်။ ရှေ့ဆက်ပြီး အာဏာရှင် စနစ်ရှိနေသမျှ ဆက်လက်ပြီးတိုက်ပွဲဝင်သွားမဲ့သူတွေပါ။" လို့  ပြောပါတယ်။

အခုလို စစ်တပ်လော်ဘီကိုမင်းမင်းကို သတ်ဖြတ်ရခြင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်က ကြိုးကြာနီတပ်ရင်း BD - 7 တပ်ရင်းမှူး အောင်ဟိန်းဖြိုး (ခ) ရဲဘော်ဇိုးကြီး တိုက်ပွဲကျ‌သွားတဲ့အတွက် ပူဆွေးမှုတွေကြောင့် လက်လွတ်စပယ်လုပ်ခဲ့တာဖြစ်တယ်လို့ ဥက္ကဌ ကိုကျီးကန်းက တဆင့်ပြန်လည်ပြောဆိုပါတယ်။

"အဲဒီမတိုင်ခင် ကြိုးကြာနီရဲ့ရင်မှူးဖြစ်တဲ့ သူတို့ရဲ့ခေါင်းဆောင်ဟာ ရိုးမတစ်နေရာမှာ ခေါင်းဆောင်ပီသစွာ ကျရှုံးခဲ့တဲ့အတွက် ဝမ်းနည်းပူဆွေးမှု၊ နာကြည်းမှုတွေကြောင့် ဒီလိုမျိုး လက်လွတ်စပယ်လုပ်ကိုင်ခဲ့တာလို့လည်း ပြောကြပါတယ်။" လို့ ဆိုပါတယ်။

ကိုမင်းမင်းဟာ လူမှုကွန်ယက်စာမျက်နှာတွေကတဆင့် တော်လှန်ရေးအဖွဲ့ဝင်တွေကို အပုပ်ချပြောဆိုတိုက်ခိုက်တာ၊ စစ်တပ်အတွက် ထောက်ခံပြောဆိုတာအပြင် လက်နက်ကိုင် ပျူစောထီး အဖွဲ့ဝင် ၁ ဦးဖြစ်ပြီး နေပြည်တော်အနီးတဝိုက်နဲ့ မကွေးတိုင်းအတွင်း တော်လှန်ရေးအဖွဲ့ဝင်တွေရဲ့ သတင်းကိုစုံစမ်းပြီး စစ်တပ်ထံ သတင်းပေးနေသူလည်း ဖြစ်ပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#ပျူစောထီး #မင်းမင်း #နိုင်ငံတကာဥပဒေ #သတ်ဖြတ်မှု #ထောင်ဒဏ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10