ပျူစောထီးရွာစခန်းကို ဒရုန်းနဲ့တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ဒရုန်း ၁ စင်းဆုံးရှုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ခွန်တောင်းကြီးပျူစောထီးရွာထဲမှာ အထိုင်ချနေတဲ့ စစ်သားနဲ့ပျူစောထီးတွေကို မေ ၁၉ ရက်မှာ ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ခွန်တောင်းကြီး၊ ပျူရွာ စာသင်ကျောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စခန်းကို ညနေ ၃ နာရီကျော်က ဒရုန်း ၂ စင်း၊ ၆၀ မမ ဗုံးသီး ၄ လုံးဖြင့် ကြဲချခဲ့ရာ ဒရုန်း ၁ စင်းကို စစ်တပ်ဘက်မှ ပစ်ချဖျက်ဆီးခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပကဖတာဝန်ရှိသူကပြောပါတယ်။

ရွှေဘိုမြို့နယ်ပကဖ PDO အဖွဲ့နဲ့ နယ်မြေခံပူးပေါင်းအဖွဲ့ဝင်တွေက ပစ်ချဖျက်ဆီးခံလိုက်ရတဲ့ ဒရုန်းကို ကောက်ယူချိန်မှာ ကင်းပုန်းဝပ်စောင့်နေတဲ့ စစ်သားတွေနဲ့ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် အင်အားမမျှတဲ့အတွက် ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ဒရုန်းတစင်း ဆုံးရှုံးခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိပေမယ့် စာရင်းအတိအကျ မသိရသေးဘူးလို့ တာဝန်ရှိသူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖတာဝန်ခံရဲ့ ကွပ်ကဲမှုနဲ့ ရွှေဘိုမြို့နယ်ပကဖ PDO အဖွဲ့၊ မြို့နယ်ပကဖ PDO-Drone Team-Federal Wings တပ်ဖွဲ့၊ တိုက်နယ် ၁ နဲ့ ၃ ပကဖ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ပျူရွာစခန်း #စစ်သား #ဒရုန်းနဲတိုက်ခိုက် #ဒရုန်းပျက်စီး #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10