ပျူစောထီးရွာထဲမှာ တပ်စွဲထားတဲ့ စစ်အုပ်စုစခန်း တိုက်ခိုက်ခံရ နေအိမ်တချို့ မီးလောင်ပျက်စီး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ထဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်သားနဲ့ ပျူစောထီးစခန်းကို ဇူလိုင် ၆ ရက်မှာ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Rocket Fighter Pauk People Defence Force RFP- PDF တပ်ဖွဲ့ဆီက သိရပါတယ်။

အဆိုပါ စခန်းရှိတဲ့ရွာဟာ ပျူစောထီးတွေနေတဲ့ တပ်ကုန်းရွာသစ်ရွာလို့ သိရကာ ကာကွယ်ရေးတပ်ဖွဲတွေက  ဇူလိုင် ၆ ရက် မနက် ၁၀ နာနာရီကနေ ညနေ ၆ နာရီအထိ ဒရုန်း၊ ရော့ကက်၊ ၆၀ မမ၊ လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ပြီး  ထိခိုက်သေဆုံးမှုကို မသိရသေးဘဲ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

၈ နာရီအကြာ တိုက်ခိုက်နေစဉ် စစ်အုပ်စုဘက်ကလည်း လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ Rocket Fighter တပ်ဖွဲ့တာဝန်ခံ ကိုလပြည့် ဆက်ပြောပါတယ်။

တပ်ကုန်းရွာသစ်ရွာ ပျူစခန်းကို တိုက်ခိုက်ရာမှာ Rocket Fighter RFP-PDF၊ ဒရုန်းလက်ရုံးတပ်ဖွဲ့၊ မင်းဘူးခရိုင် ပကဖ၊ ပေါက်တောင်ပိုင်းနဂါးပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူခရိုင် အမှတ် ၁၈ တပ်ရင်း တပ်ခွဲ ၁၊ Midland Dolphins Column - MLDC မြေလတ်လင်းပိုင်စစ်ကြောင်း၊ ပေါက်တောင်ပိုင်းပြည်သူ့ကျန်းမာရေးတပ်ဖွဲ့၊ဆောမြို့နယ် ပကဖ အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဇွန် ၂၀ ရက် မနက်ပိုင်းကလည်း ကုက္ကိုစုရွာပျူစောထီးတွေဟာ သနပ်ပင်ဇင်းရွာအနီးလာရောက်မိုင်းထောင်နေချိန် ကင်းပုန်းဝပ်နေတဲ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ တိိုက်ပွဲဖြစ်ပွားခဲ့လို့ စစ်တပ်ဘက်က လေကြောင်းပစ်ကူပေးခဲ့ရသေးတယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ပေါက် #စစ်သား #ပျူစောထီး #စခန်း #တိုက်ခိုက် #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10